မွန်ပြည်နယ်

ကျိုက်မရော၌ ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မိုးစပါးစိုက်ဧက(၅၆၀၁၂)စိုက်ပျိုးရန်လျာထား

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မိုးစပါးဧက(၅၆၀၁၂)အား လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့ထိ မိုးစပါးစိုက်ပျိုးရန်အတွက်  တောင်သူများအနေဖြင့် မြေပြင်ပြီး ဧက(၁၅၉၀၀)ကျော်ရှိပြီးဖြစ်၍  စပါးအထွက်နှုန်း တိုးတက်မြင့်မားစေရန် ဆည်ရေသောက်စနစ်နှင့် ချောင်းပိတ်၊ မြောင်းပိတ်စနစ်ဖြင့် စိုက်ပျိုးရာသီတွင် အဆင်သင့်ဖြစ်စေရေးအတွက်ပျိုးထောင်ပြီး ဧကပေါင်း(၈၆၀)ဧကရှိပြီး မြေပြင်တွင်စိုက်ပျိုးပြီး ဧကမှာ(၄၇၀၄)စိုက်ပျိုးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူထံမှ သိရသည်။

ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများအနေဖြင့် စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ အသင့်စားခေါက်ဆွဲခြောက်များ ကုန်အညွှန်းအမှတ်သားပြည့်စုံမှန်ကန်မူရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း အသင့်စားခေါက်ဆွဲခြောက်များ ကုန်အညွှန်းအမှတ်သား ပြည့်စုံမှန်ကန်မူရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က ယမန်နေ့ နေ့လယ်(၁၂)နာရီက မြို့နယ်အတွင်းရှိ စတိုးဆိုင်များတွင် လိုက်လံကွင်းဆင်း စစ်‌ဆေးခဲ့ကြသည်။

မွန်​ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းထိုင်ဘုန်းကြီးသင်တန်းအမှတ်စဉ် (၁၂) ဆရာဖြစ် ဒီပလိုမာအောင် လက်မှတ်ဆက်ကပ်ပွဲနှင့် အမှတ်စဉ် (၁၃) သင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

ကျောင်းထိုင်ဘုန်းကြီးသင်တန်းအမှတ်စဉ် (၁၂) ဆရာဖြစ် ဒီပလိုမာအောင် လက်မှတ်ဆက်ကပ်ပွဲနှင့် အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကျောင်းတိုင်ဘုန်းကြီးသင်တန်းကျောင်း၌ကျင်းပရာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အတုလရန်အောင် ကျောင်းတိုက်ကြီး ဦးစီးပဓာနနာယက ဘဒ္ဒန္တကောသလ္လ (အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ကြီးထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းအခမ်းအနားတက်ရောက်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) တွင် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့မွန်းလွဲ ၁ နာရီက အ.မ.က(ကျောင်းသစ်)၌ ပြုလုပ်သည်။

မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဖွင့်လှစ်

မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး တောင်သူများအား နည်းပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေသည့် စိုက်ပျိုးရေးဦးစီးဌာန  ဝန်ထမ်းများအား မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၃ ရက်နေ့က ချောင်းဆုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ် လေဆိပ်နှင့်ဆိပ်ကမ်းစီမံကိန်း ဧရိယာအသစ်တွင်ပါဝင်သော မြေယာများအတွက် လျော်ကြေးငွေပေးအပ်

မွန်ပြည်နယ် မော်လမြိုင်မြို့အနီး မုဒုံမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဥ်ကွင်းတစ်ခုနှင့် ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ရေလွှဲလမ်းကြောင်း (ညောင်ကုန်းချောင်း) တွင် ပါဝင်သော မြေဧရိယာအသစ်အတွက် လျော်ကြေးငွေပေးအပ်ခြင်း ကို ယနေ့နံနက် ၈ နာရီက ရွှေဟင်္သာခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ ပြုလုပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီက အ.မ.က ကဒုံစီးကျောင်း၌ ပြုလုပ်ခဲ့သည်။

သထုံမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ဦးဖြူ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။
Subscribe to မွန်ပြည်နယ်