မွန်ပြည်နယ်

ပေါင်မြို့နယ် ဇင်းကျိုက်ရေတံခွန်နှင့် ဆင်ရွာရေတံခွန်ရှိ အန္တရာယ်ရှိသောနေရာများအား သတိပေးဆိုင်းဘုတ်များစိုက်ထူ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ဇင်းကျိုက်ရေတံခွန်နှင့် ဆင်ရွာရေတံခွန်ရှိ အန္တရာယ်ရှိသောနေရာများအား သွားရောက်ရေကစားခြင်းမပြုရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရေတံခွန်များ၌ စတင်ပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ ဆန်များ သင့်တင့်မျှတသော‌ဈေးနှုန်းဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ Super Market, Mini Market များအပါအဝင် ဆန်အရောင်းဆိုင်များ၌ ဆန်များသင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ ယနေ့မွန်းလွဲပိုင်းက လိုက်လံကွင်းဆင်းစစ်‌ဆေးခဲ့ကြကြောင်း သိရသည်။

ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဲးဌာနမှ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများမှ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့(အ.ထ.က)ကန်သာယာကျောင်း၌ စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဘီးလင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲပိုင်းက ဘီးလင်းမြို့( အ.ထ.က) ကန်သာယာကျောင်း၌  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရတိုက်ကျွေးခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရ​တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် ခွေးရူးရောဂါကာကွယ်တားဆီး‌ရေးအသိပညာပေးခြင်းနှင့် ကာကွယ်ဆေးများထိုးနှံပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်း‌ ခွေးရူးရောဂါကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် ကျူချောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့်အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းဖွင့်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)နှင့် ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)တို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေး

မွန်ပြည်နယ်အစိုးရအဖွဲ၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ပေါင်မြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယနေ့နံနက်(၈)နာရီက ပေါင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က  မြို့ပေါ်ရပ်ကွက်(၄)ခု၌ ဆောင်ရွက်ခဲ့သည်။

မုဒုံမြို့၌ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဆန်ဆိုင်များ စျေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဆန်ဆိုင်များ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
Subscribe to မွန်ပြည်နယ်