မုဒုံမြို့၌ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဆန်ဆိုင်များ စျေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မုဒုံ   ဇူလိုင်  ၂၃

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဆန်ဆိုင်များ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းလွင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးညီလွင်အေး၊ စည်ပင်သာယာရေးအဖွဲ့နှင့်တာဝန်ရှိသူများပူးပေါင်း၍ မြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများ၊ ဆန်ဂိုထောင်များတွင် ဆန်လက်ကျန် ပေါင် ၁၀၈ အိတ်၊ ပေါင် ၁၀၀ အိတ်၊ ပေါင် ၅၀ အိတ်၊ ပေါင် ၂၅ အိတ် အရေအတွက်များ၊ နယ်ထွက်ပေါ်ဆန်း ၊ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထအုပ်စု ဆန်အမျိုးအစားများနှင့် လက်ရှိရောင်းချနေသည့်စျေးနှုန်းများကို စစ်ဆေးခဲ့ပြီး သတ်မှတ်စျေးနှုန်းများထက်ကျော်လွန်၍ ရောင်းချခြင်းမပြုကြရန် ဆိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)