မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ လေးကျွန်းသစ္စာရှင် နဂါးမောက် စေတီတော်မြတ်ကြီး စတုတ္ထအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ၊ သံဃာ့ဒါနဆွမ်းခြောက်လောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနား တက်ရောက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူသော ဣစ္ဆာသယ သိဒ္ဓိရှင်လေးကျွန်းသစ္စာရှင် နဂါးမောက် စေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ၊ သံဃာ့ဒါနဆွမ်းခြောက်လောင်းလှူပွဲနှင့် အလှူတော်အစုစု ရေစက်ချမင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက နဂါးမောက်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်နှင့် ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။