မွန်ပြည်နယ်

သထုံမြို့နယ်၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်

မွန်ပြည်နယ်၊ သယံဇာတရေးရာဝန်ကြီးဌာန၏ စီမံကြီးကြပ်မှုဖြင့် သထုံမြို့နယ်အတွင်း အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်မှုမရှိရေး ပညာပေးလှုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ အသိပညာပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ သုဝဏ္ဏဈေးအရှေ့၌ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်တာဝန်ရှိသူများ ‌ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်း ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေများဖတ်ရှုလေ့လာ၍ အသိပညာဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ကုလားတို့(အ.မ.က)ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အန္တရာယ်ကင်းအသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပ‌သော အန္တရာယ်ကင်း အသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။

သံဖြူဇရပ်မြို့နယ် အမြင်သစ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အမြင်သစ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပြုလုပ်သည်။

ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအာဟာရနှင့် ပတ်သက်သော မေးခွန်းများဖြေဆိုခြင်းနှင့် ဟောပြောပွဲကျင်းပ

ကျိုက်မရောမြို့နယ်တွင် ကျောင်းကျန်းမာရေးအာဟာရဖွံဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအသိပညာပေးဟောပြောပွဲနှင့် မေးခွန်း ၅၀ ဖြေဆိုခြင်းကို ယမန်နေ့ နေ့လယ်က အ.လ.က အထရံ ကျောင်းခန်းမ၌ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်း ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေများဖတ်ရှုလေ့လာ၍ အသိပညာဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ချောင်းဆုံအရှေ့ရပ်ကွက်ရှိ ဘုရားကြီးကုန်း(အမက)တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပေါင်မြို့နယ်၌ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ပျိုးအောင်မြင်နေသည့်‌ လယ်မြေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပေါင်မြို့နယ်၌ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ပျိုးအောင်မြင်နေသည့်‌ လယ်မြေများအား ယနေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ သက်သာ‌သောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) တွင် ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ယနေ့နံနက်က ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များကို သတ်မှတ်ထားသည့် သက်သာသောဈေးနှုန်းတို့ဖြင့် မြို့နယ်အဆင့်အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီမှ တာဝန်ရှိသူတို့က ရောင်းချပေးခဲ့ကြောင်း သိရသည်။

သထုံမြို့ (မင်းတန်း) အခြေခံပညာမူလတန်း‌ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့နံနက်ပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ (မင်းတန်း) အခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ပေါင်မြို့နယ် Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်း  နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၁)နာရီက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်