မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်သွားကားလမ်း ရေကျော်မှုဖြစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့ထင်းကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၆/၂) (၁၀၆/၃)အကြား ရေ (၄)လက်မခန့်၊ လမ်းအရှည် (၄၀၀)ပေခန့်နှင့် မိုင်တိုင်အမှတ်(၁၀၆/၆) (၁၀၆/၇)အကြား ကားလမ်းမကြီးပေါ်တွင် ရေ (၄)လက်မခန့်၊ လမ်းအရှည် (၃၀၀)ပေခန့် ကားလမ်းရေကျော်မှုဖြစ်ပွားခဲ့သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က (ပေါင်ကျောင်း‌‌)ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ကဒက်ချောင်းရေမြင့်တက်လာမှုကြောင့် နေအိမ်များအတွင်းသို့ ရေများဝင်ရောက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ (၇)ရက်နေ့မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းလာမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ကဒတ်ချောင်းရေမြင့်တက်လာကာ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ အေးရိပ်ငြိမ်အရှေ့ပိုင်း၊ အေးရိပ်ငြိမ်အနောက်ပိုင်း၊ ဇေယျာရွှေပြည်ပိုင်း၊ အုတ်ဖိုပိုင်းနှင့် ဇေယျာမွန်ရပ်ကွက်၊ တိုးချဲ့ကွက်သစ် (၁၊ ၂၊ ၃၊ ၄)လမ်းရှိ မြေနိမ့်ပိုင်းနေအိမ်များအတွင်းသို့ ရေများ၀င်ရောက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် လာရောက်ဂါရဝပြုတွေ့ဆုံသည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Mongkol Visit-stump နှင့်အဖွဲ့အား ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

မော်လမြိုင်မြို့နယ်၌ ပြေစာများအပေါ်အခွန်အမှတ် တံဆိပ်ကပ်နှိပ်ခြင်း အသိပညာပေးရှင်းလင်းခြင်းအခမ်းအနား ကျင်းပ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ တည်ဆဲအခွန်ဥပဒေများနှင့်အညီ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများအား ပြေစာများအပေါ်အခွန် အမှတ်တံဆိပ်ကပ်နှိပ်ခြင်း အသိပညာပေးရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက M Hotel ၌ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ် Community Centre ခန်းမ၌ စာဖတ်ရှိန်မြင့်တင်ရေး အားကစားလှုပ်ရှားဆောင်ရွက်မှု နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အားကစားလှုပ်ရှားဆောင်ရွက်မှု နံရံကပ်စာစောင်ပြသခြင်းကိုယနေ့ မွန်းလွဲ(၁)နာရီက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲများ ကျင်းပ

မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ် အ.မ.က(ဝိုင်းပတ်)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက အ.မ.က(ဝိုင်းပတ်)၌ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်ထိုမြို့အ.ထ.က(၁)၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့အလက(ခွဲ)ကြာကန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့်ပြပွဲပြိုင်ပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အ.လ.က(ခွဲ)ကြာကန်ကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြ‌သည်။
Subscribe to မွန်ပြည်နယ်