Google Map မြေပုံဖြင့် စာရင်းကောက်ကွက်မြေပုံများအား မြေပြင်တွင်ကောက်ယူနိုင်ရန်သင်ခန်းစာ ဆက်လက်ပို့ချပေး
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိူင်ရေးအတွက် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက် သင်တန်းအား ယမန်နေ့အဋ္ဌမမြောက်ရက်အဖြစ် သင်ကြားလျက်ရှိရာ Google Map မြေပုံရှိ စာရင်းစာရင်းကောက်ကွက်မြေပုံများအား မြေပြင်တွင်လက်တွေ့စာရင်း ကောက်ယူနိုင်ရန်အတွက် သင်ခန်းစာများပို့ချပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ .က(ကျိုက်မရော)ပညာအားမာန်ခန်းမ၌ သင်ကြားပို့ချပေးလျက်ရှိသည်။