ပေါင်မြို့နယ်၊ အ.ထ.က(နတ်ကြီးချောင်)ကျောင်း၌ မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲပြုလုပ်

ပေါင်   စက်တင်ဘာ    ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အ.ထ.က(နတ်ကြီးချောင်)ကျောင်း၌ မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရာပြည့်ခန်းမ၌  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နတ်ကြီးချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦး‌ထွန်းမင်းစိုးက အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်သီသီဟန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့်  ကျောင်းသားကျောင်းသူများသိသင့်သည့် ဥပဒေဆိုင်ရာများကို ဟောပြောခဲ့သည်။

ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ မုတ္တမမြို့မစခန်းမှ  ဒုရဲအုပ်အောင်နိုင်ဝင်းက မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ လူကုန်ကူးမှု၏ဆိုးကျိုးများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အကျယ်တဝင့်ဟောပြောခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက အထက်ပါဆွေးနွေးခဲ့သည့်အကြောင်းအရာများအပေါ် လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုသက်က  ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ တစ်ဆက်တည်းမှာပင် ကျောင်းသား၊ ကျောင်းသူများက သိလိုသည့်အကြောင်းအရာများကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် နံရံကပ်စာစောင်များကြည့်ရှုခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)