မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ် အ.မ.က (ဝိမလ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်ရှိ အ.မ.က (ဝိမလ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

သထုံမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း တတိယနေ့ဆက်လက်ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်း တတိယနေ့ကို ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိရာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

မုဒုံမြို့၌ ဆီထွက်သီးနှံ(နေကြာ) တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ) ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် ယနေ့နံနက်ပိုင်းက ကွမ်တာ၊ ကော့ခပုံ(ရွာဟောင်း) ကျေးရွာများရှိ တောင်သူများနှင့် တာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးသည်။

ပေါင်မြို့နယ်၌စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊နံရံကပ် စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကိုယနေ့ နံနက် (၁၀) နာရီက (အ.မ.က) သိုးကျကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာများ၌ ဆက်လက် ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအား‌ပေး

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်အတွင်း သန်းခေါင်စာရင်းကောက်ကွက် (၃၄)ကွက်တို့၌ သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူး‌ပေါင်း၍ စာရင်းစစ်၊ စာရင်းကောက်များမှ တစ်အိမ်တက်ဆင်း လူဦးရေဆိုင်ရာ အချက်အလက်နှင့် အိမ်အကြောင်းအရာဆိုင်ရာ အချက်အလက်များ ကောက်ယူနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်နယ်သယံဇာတရေးရာဝန်ကြီး သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု‌ ရွေးချယ်နိုင်ရေးအတွက် TOT (Training Of Trainers) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု‌ရွေးချယ်နိုင်ရေးအတွက် TOT (Training Of Trainers) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်လူမှုရေးရာဝန်ကြီး ကျိုက်မရောမြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူနေမှု ကြည့်ရှုအားပေး

ကျိုက်မရောမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုအား အောက်တိုဘာ ၂ ရက်နံနက်က မွန်ပြည်နယ်၊ သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီဝင် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ခရိုင်နှင့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များနှင့် လိုက်ပါကြီးကြပ်မည့်သူများအား ဩဝါဒမြွက်ကြားခြင်း အခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များနှင့် လိုက်ပါကြီးကြပ်မည့်သူများအား ဩဝါဒမြွက်ကြားခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်‌တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်များ၊ နည်းပြများနှင့်ကြီးကြပ်သူများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၏ နေအိမ်တွင် သန်းခေါင်စာရင်းကောက်ယူ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ​​ခြင်းကို နိုင်ငံတစ်ဝန်းလုံးတွင် အောက်တိုဘာလ ၁ရက်နေ့မှစတင်၍ ကောက်ယူလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးတွင်လည်း ကောက်ယူလျက်ရှိပါသည်။ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၌ သန်းခေါင်စာရင်းကောက်ယူနေမှုကို ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊  ပြည်နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့သည်။
Subscribe to မွန်ပြည်နယ်