မွန်ပြည်နယ်

မုဒုံမြို့၌ (နဝမ)ကြိမ်မြောက် ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆု​ပေးပွဲကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (နဝမ)ကြိမ်မြောက် ဓမ္မစကြာနှင့်ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီက မြို့မ(၂)ရပ်ကွက်ရှိ လေးထပ်သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်၌ ၂၀၂၄ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄ ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျိုက်ထိုမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း “ရာပြည့်” ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရေးမြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အထက (၁) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်မရောမြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က ကျိုက်မရော (ပညာ့အားမာန်)ခန်းမ၌ ပြုလုပ်သည်။

သံဖြူဇရပ်မြို့နယ်၌ ၂၀၂၄ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက သံဖြူဇရပ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း " ပညာ့ဗိမာန် " ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဘီးလင်းမြို့နယ်၌ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အ.ထ.က(ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို နိုဝင်ဘာလ (၂၅)ရက်၊ နံနက်(၉)နာရီက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁ဝ၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

၂ဝ၂၄ ခုနှစ်၊ (၁ဝ၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်ဖြစ်သည့် “ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ဆောင်ပုဒ်နှင့်အညီ (၁ဝ၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်၌  (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီဆုချီးမြှင့်ပွဲကို ယနေ့ နံနက် (၉) နာရီက ချောင်းဆုံ(အ.ထ.က)ကျောင်း သီရိရတနာခန်းမတွင်ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ယခုလအတွင်း ဘုရားဖူးပြည်သူတစ်သိန်းနှစ်သောင်းကျော် လာရောက်ဖူးမြော်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခုလ(နိုဝင်ဘာလ)၌ လာရောက်ဖူးမြော်သူ(၁၂၅၄၅၀)ဦးရှိကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
Subscribe to မွန်ပြည်နယ်