မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ် မူလွန်(၂)မြောက်ပိုင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက် (၁၀)နာရီအချိန်က ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ မူလွန်(၂) မြောက်ပိုင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြ‌သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က  အ.မ.က(ဇကားဝါ)ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။

ကျိုက်မရော၌ အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်ကြောင်းဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ကျိုက်မရောမြို့နယ်၌ (၂၀၂၄-၂၀၂၅)ပညာသင်နှစ် အ​ခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်ကြောင်းဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်က ကျိုက်မရောမြို့  အ.ထ.က ကျောင်း(ပညာအားမာန်)ခန်းမ၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ချီးမြှင့်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းက အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမနှင့် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်တို့က “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” မုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် ပန်ပွားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေပေးအပ်၍ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။

(၁၆) ကြိမ်မြောက် သာသနပါလဓမ္မာစရိယစာမေးပွဲ စာအောင်ဆုနှင်းသဘင်ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီများ ဦးဆောင်ဖွဲ့စည်းထားသော သာသနပါလသဟပုညကာရီအဖွဲ့၏ (၁၆) ကြိမ်မြောက် ဓမ္မာစရိယစာဝါသင်တန်း သာသနပါလဓမ္မာစရိယစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အောက်ကျင်းရပ်ကွက်၊ ဗူးဘုရား‌စေတီ ပုရဝုဏ်အတွင်းရှိ သန္တိသုခဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

မော်လမြိုင်မြို့နယ် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများ

နိုင်ငံအတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/သူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ရရှိစေခြင်းဖြင့် အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို နိုဝင်ဘာ ၂၈ မှ ၂၉ ရက်နေ့အထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပေးခဲ့ပြီး အဆိုပါပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသူများ၏ ရင်တွင်းစကားသံများကို ယခုလိုဖော်ပြလိုက်ရပါသည်။

သထုံမြို့နယ်၌ နဝမအကြိမ်မြောက် ပအိုဝ်းနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ

ပအိုဝ်းသက္ကရာဇ် ၂၇၁၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်‌နေ့၌ကျရောက်သည့် နဝမအကြိမ်မြောက် ပအိုဝ်းနှစ်သစ်ကူး‌ပွဲတော် အခမ်းအနားကို မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားဗိမာန်တော်၌ ပြည်နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ ယနေ့၊ နံနက်က စည်ကားစွာ ကျင်းပခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း၊ View Point အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး

မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း၊ View Point အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ရာ ပြည်နယ်၀န်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံပညာအထက်တန်းဆင့်သင်ဆရာ/ဆရာမများ သင်ထောက်ကူလက်တွေ့အသုံးချသင်ကြားမှု အရည်အသွေးမြှင့်တင်ရေး (ပြည်နယ်အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း သိပ္ပံဘာသာရပ်များ အတွက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံ သင်တန်း (ပြည်နယ်အဆင့်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁၀)အခြေခံပညာအထက်ကျောင်း၊ မြတ်ပန်းမာလာခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။

ပေါင်မြို့နယ်၌ ကတိုက်ရေလှောင်တမံဆည်ရေသောက်စနစ် (၂၀၂၄-၂၀၂၅)ခုနှစ် နွေစပါးစိုက်ပျိုး ရေပေးဝေရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကတိုက်ရေလှောင်တမံဆည်ရေသောက်စနစ် (၂၀၂၄-၂၀၂၅)ခုနှစ် နွေစပါးစိုက်ပျိုး ရေပေးဝေရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဖြူဘကျေးရွာ ကွင်းအမှတ် (၇၇၀)၌ ယမန်နေ့နံနက် (၁၁)နာရီက တောင်သူအသိပညာပေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်