ချောင်းဆုံမြို့နယ်၌ ရောဘာပြားများဈေးကောင်းရ၍ တစ်ပိုင်တစ်နိုင်ရောဘာလုပ်ငန်းရှင်များ အဆင်ပြေ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ဥယျာဉ်ခြံစိုက်ပျိုးကာ အသက်မွေးကြသူများ၌ ရွှေဖြူလို့တင်စားကာ ခေါ်ဆိုကြသည့် ရောဘာကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်ကြသည့် ဥယျာဉ်ခြံစိုက်ပျိုးသူများအနေဖြင့် ယခုနှစ် ရောဘာထွက်ချိန်တွင် ဈေးကောင်းရရှိနေသည့် အတွက် ခြံရှင်များနှင့် ရောဘာခြစ်သူများ ထွက်ခြေကိုက်အဆင်ပြေလျက်ရှိကြောင်း သိရသည်။