မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံတော်ပြည့် ရွှေသင်္ကန်းနှင့်ရွှေစင်၊ ရွှေပြားကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ်ပူဇော်ခြင်း ဘက်စုံမွမ်းမံခြင်းများအတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းနှင့် ရွှေစင်၊ ရွှေပြားကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ်ပူဇော်ခြင်း ဘက်စုံမွမ်းမံခြင်းလုပ်ငန်းများအတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျိုက်သုတ်စေတီတော်မြတ်ကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အလှူရှင်များ တက်ရောက်သည်။