မွန်ပြည်နယ်

သထုံမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ သထုံမြို့၊ သုဝဏ္ဏဈေး၌ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မား‌ရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတဖွံ့ဖြိုးစေရေးအတွက် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က (ခွဲ) ကော့ခပုံကျောင်း၌ ကျင်းပခဲ့သည်။

ပေါင်မြို့နယ် (အ.ထ.က) ဆင်ဖြူရပ်ကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပေါင်မြို့နယ် (အ.ထ.က) ဆင်ဖြူရပ်ကျောင်း၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉/၂ဝ၂၄)သို့ တက်ရောက်မည့် သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ ချီးမြှင့်ငွေများပေးအပ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မွန်ပြည်နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက်မည့် သင်တန်းသား (၇၉) ဦးအား ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်း၌ သွားရောက်တွေ့ဆုံခဲ့သည်။

သံဖြူဇရပ်နှစ် (၁၅၀) ပြည့်ပွဲ​တော်ကျင်းပ​ရေး ရန်ပုံ​ငွေစာရင်း ချပြရှင်းလင်းခြင်းနှင့် လှူဒါန်းပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် (သံဖြူဇရပ် နှစ်-၁၅၀) ပြည့်ပွဲ​တော် ကျင်းပ​ရေးရန်ပုံ​ငွေ စာရင်းရှင်းလင်းချပြခြင်းနှင့် လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ မွန်းလွဲ(၁)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သူနာပြုသင်တန်းကျောင်း (မော်လမြိုင်)၏ အပတ်စဉ် (၅ဝ) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားနှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂ဝ၂၅) တက်ရောက်

သူနာပြုသင်တန်းကျောင်း (မော်လမြိုင်)၏ အပတ်စဉ် (၅ဝ) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ သူနာပြုသင်တန်းကျောင်း(မော်လမြိုင်)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်တွင် ပြည်သူများအတွက် သူနာပြုအတတ်ပညာများဖြင့် ဘေးကင်းလုံခြုံစိတ်ချရတဲ့ အရည်အသွေးရှိတဲ့ သူနာပြုကောင်းများ ပေါ်ထွန်းလာစေရေး စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်နိုင်ဖို့ ရည်ရွယ်ပြီး မွန်မြတ်တဲ့စိတ်ကောင်း၊ စေတနာကောင်းများနဲ့ သူနာပြုသားဖွားအတတ်ပညာကို ရွေးချယ်ကာ သူနာပြုသင်တန်းဝင်ခွင့်ရရှိခဲ့ကြတဲ့ သူနာပြုသင်တန်းသား မောင်၊ မယ်များအတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ သင်တန်းတက်ရောက်ရန် မိမိတို့ထားရှိခဲ့တဲ့ ရည်ရွယ်ချက်များကို အပျောက်မခံဘဲ စိတ်ဓာတ်ကြံ့ခိုင်ပြီး ထက်သန်တဲ့ လုံ့လ၊ ဝီရိယတို့နဲ့ ကြိုးစားကြဖို့ တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့် ပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် သ/မ ဦးစီးဌာန၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်