မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်တွင် သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်နှင့် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်နှင့် (၂၀၂၄ -၂၀၂၅)ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစုရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုခရိုင်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဝန်ထမ်းများ၏သား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့နံနက်ပိုင်းက ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်လုံးဆိုင်ရာ အကြိမ်(၇၀)မြောက် ပရိယတ္တိ မွန်-မြန်မာနှစ်ဘာသာ ရေးဖြေစာမေးပွဲဖြေဆိုပြီးစီး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပရိယတ္တိစာပေများ ထူးချွန်သူရဟန်းရှင်လူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်သံဃာ့နာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ သံဃာ့ဂိုဏ်းပေါင်းဆုံ ပရိယတ္တိဟိတကာရီအဖွဲ့၏ အကြိမ် (၇၀) မြောက် ပရိယတ္တိမွန်-မြန်မာ နှစ်ဘာသာ ရေးဖြေစာမေးပွဲကြီးကို ဇန်နဝါရီ (၂၁)ရက်နေ့က မင်းကျောင်းသာသနာ့ ဗိမာန်တော်၌ စတင်ဖြေဆိုခဲ့ရာ ဇန်နဝါရီ (၂၇)ရက်နေ့ တွင် အေးချမ်းစွာ ဖြေဆိုပြီးစီကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် ဖူးစားပြောင်းစိုက်ပျိုးတောင်သူများ အကျိုးအမြတ်ရရှိ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကျေးရွာများတွင် ဒေသခံတောင်သူများက မြေအောက်ရေနှင့် ချောင်းပိတ်မြောင်းပိတ်ဆည်ရေသောက်စနစ်များဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့် ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီးစျေးကောင်းရရှိကာ  တောင်သူများ အဆင်ပြေလျက်ရှိသည်။

ဘီးလင်းမြို့နယ်၌(၁၀၂)ကြိမ်မြောက် စာရေးတံမဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်

မွန်ပြည်နယ်  ဘီးလင်းမြို့နယ်တွင်  နှစ်စဥ်ကျင်းပမြဲဖြစ်သော စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်ကာ  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

မုဒုံမြို့၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၁၅၁၈ ဧက စိုက်ပျိုးပြီးစီး

မွန်ပြည်နယ် မုဒုံမြို့နယ် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် တောင်သူများက ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း(၁၅၁၈) ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ်အတွင်း လူငယ်၊ လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ အားကစားကို မြတ်နိုးတန်ဖိုးထားပြီး ပြည်နယ်၏အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြည်နယ်ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာန ပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ၂၆ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့နယ် သမဝါယမအသင်းစုလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၃-၂၀၂၄ နှင့် ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇန်နဝါရီလ(၂၆) ရက်က မြို့နယ်သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက် ရောင်ခြည်ဦးသမဝါယမ အသင်းလီမိတက်၏အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်အမှုဆောင်ကော်မတီရွေးချယ်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရောင်ခြည်ဦး သမဝါယမအသင်းလီမိတက်၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်အမှုဆောင်ကော်မတီရွေးချယ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက် ညောင်ဝိုင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရောင်တော်ဖွင့်လှစ်ခြင်းနှင့် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရောင်တော်ဖွင့်လှစ်ခြင်းနှင့် (၁၂)ကြိမ်မြောက် ကျောက်လုံးတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်