ပေါင် မတ် ၂၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ အင်္ဂလိပ် Grammar သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၁) နာရီက ပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအလဟဿမဖြစ်စေဘဲ အတတ်ပညာတစ်ခုခုကို ဆည်းပူးလေ့လာရာတွင် ယနေ့ခေတ်မှာ English ဘာသာရပ်ဟာ မဖြစ်မနေလေ့လာသင်ယူရန် လိုအပ်ပါကြောင်း၊ အသိပညာ/ အတတ်ပညာတစ်ခုခုကို သင်ယူရာတွင် ရည်မှန်းချက်ထား၍ ပြည့်ပြည့်ဝဝတတ်မြောက်အောင် လေ့လာသင်ယူရမှာ ဖြစ်ကြောင်း၊ အခြေခံတတ်မြောက်ပြီးသွားလျှင် နောက်တစ်ဆင့်လေ့လာရာတွင် ပိုမိုလွယ်ကူသွားမှာဖြစ် ကြောင်း၊ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မတ်လ (၂၀) ရက်မှ (၂၉) ရက်အထိ (၁၀) ရက်ကြာ သင်ကြားပြသခဲ့ရာ ကျောင်းသား/ကျောင်းသူ (၂၀) တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)