မွန်ပြည်နယ်

လူမှုရေးရာဝန်ကြီး ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

၂၀၂၅ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်များ ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် သူနာပြုသင်တန်းကျောင်း (မော်လမြိုင်) အပတ်စဉ် (၅၀)၏ အမျိုးသား ကုတ်အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ် သူနာပြုသင်တန်းကျောင်း (မော်လမြိုင်) အပတ်စဉ် (၅၀)၏ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ဇွန်လ (၁၂)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မော်လမြိုင်သူနာပြု သင်တန်းကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သူနာပြုဆရာမကြီးငယ်များ၊ သင်တန်းသား/သူများတက်ရောက်ခဲ့သည်။

ကျိုက်မရောမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ် အ.မ.က ကလိုင်းကနိုင်အပေါ်ရွာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၁၀ နာရီက အ.မ.ကအပေါ် ရွာကျောင်း၌ ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ (၅၀၉,၁၀၀,၀၀၀)ကျပ် ထုတ်ပေးပြီးစီး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၁၉) ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ဇွန်(၁၂)ရက်နေ့အထိ ကျေးရွာ (၁၅)ရွာမှ တောင်သူ (၅၂၅)ဦး၏ စိုက်ဧက (၃၃၉၄)ဧကအတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေ (၅၀၉,၁၀၀,၀၀၀)ကျပ် ထုတ်ပေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့်  စုပေါင်းသွေးလှူဒါန်းပွဲ တက်ရောက်

၂၀၂၅ ခုနှစ် ဇွန်လ(၁၂)ရက်နေ့တွင် ကျရာက်သည့်နှစ်(၃၀)ပြည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သွေးလှူရှင်များ တက်ရောက်သည်။

သံဖြူဇရပ်၌ ၂၀၂၄ ခုနှစ် အစိုးရ ပါဠိပထမပြန်စာ​မေးပွဲတွင် စာ​အောင်သံဃာ​တော်များအား စူဠဘွဲ့နှင်းသဘင် ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်၊ နန္ဒဝန်ကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် သံဖြူဇရပ်မြို့နယ် စာဖြေဌာန၌ ဖြေဆိုအောင်မြင်တော်မူကြသောစာဖြေသံဃာတော်များ၏ စူဠဘွဲ့နှင်းသဘင် ဆု‌ပေးပွဲအခမ်းအနားကို ယမန်​နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုက်မရောမြို့နယ်ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အ​ခြေခံပညာမူလတန်းလွန်ကျောင်း (ကလိုင်းကနိုင်)၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်စက်မှုဇုန်နှင့် ကျောက်တန်းစက်မှုနယ်မြေ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်ရှိ မော်လမြိုင်စက်မှုဇုန်သို့သွားရောက်ပြီး စက်မှုဇုန်လုပ်ငန်းရှင်များနှင့် ရှင်းလင်းဆောင်တွင်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က “တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေး”တို့ကို နိုင်ငံတော်၏ မျှော်မှန်းချက်များအဖြစ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဇုန်များ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ရေရရှိရေးကို ဆောင်ရွက်ပြီးဖြစ်သလို လျှပ်စစ်မီးပိုမိုရရှိနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ MSME စီးပွားရေးလုပ်ငန်းအပါအဝင် အခြေခံလိုအပ်ချက်ဖြစ်သည့် နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် မြေနေရာလိုအပ်ချက်တို့ဖြစ်ကြောင်း၊ စက်မှုဇုန်အတွင်း နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိမည့် ကုန်ထုတ်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထို့အပြင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်းထွက် ကုန်ကြမ်းများကိုအသုံးပြုပြီး ပြည်ပသွင်းကုန်များအစားထိုး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဘီးလင်းမြို့၊ အ.ထ.က(ခွဲ)နှင်းပုလဲကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့် ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်း က အ.ထ.က(ခွဲ)နှင်းပုလဲကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။
Subscribe to မွန်ပြည်နယ်