ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ၉ ဦး ထပ်မံရှိ၊ ၃ ဦး ပြန်လည်ကျန်းမာလာ
ဟားခါးမြို့၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၉ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၃ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။