ချင်းပြည်နယ်

တွန်းဇံမြို့၌ စတုတ္ထအကြိမ်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်‌ရေးတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်အခြေခံစားသောက်ကုန်ပစ္စည်း (၁၀) မျိုးကို ယနေ့ နံနက် ၉ နာရီအချိန်က ချင်းရွှေပြည်ခန်းမ၌  စတုတ္ထအကြိမ်ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့သည်။

တွန်းဇံမြို့၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ချင်းပြည်နယ် တွန်းဇံမြို့တွင် အခြေခံပညာအထက်တန်း‌ကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ခေါဝုန်‌လေးဆန်ရပ်ကွက်၊ အထကကျောင်းခန်းမ၌ ပြုလုပ်သည်။

ဖလမ်းမြို့၌လူငယ်စာကားဝိုင်းဆွေးနွေးပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ လူငယ်စကား ဝိုင်းဆွေးနွေးပွဲနှင့်ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၂၇ ရက်၊ ညနေပိုင်းက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းဦးဗန်ကြီး ခန်းမ၌ကျင်းပသည်။

တွန်းဇံမြို့၌ ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ချင်းပြည်နယ် တွန်းဇံမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ခေါဝုန်‌လေးဆန်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

တွန်းဇံမြို့၌ အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း(၈)ပါး ဓဇဂ္ဂသုတ် ပါဠိတော် အလင်္ကာဂါထာတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ကုသိုလ်ပြု ဘုရားစေတီရင်ပြင်သန့်ရှင်းရေးဆောင်ရွက်

ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်များ ကင်းစင်အေးချမ်းရေးအတွက် အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း(၈)ပါး၊ ဓဇဂ္ဂသုတ်ပါ‌ဠိ‌တော် အလင်္ကာဂါထာရွတ်ဖတ်ပူဇော်ခြင်းနှင့် ကုသိုလ်ပြု ဘုရားစေတီရင်ပြင် စုပေါင်းသန့်ရှင်းရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များက ဇန်နဝါရီလ ၂၇ ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။

တီးတိန်မြို့၌ ဝေ‌ဠုဝန်စေတီတော်‌ရင်ပြင်နှင့် စေတီတော်ပတ်လမ်းတစ်‌လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ချင်းပြည်နယ်တီးတိန်မြို့၌ ထေရဝါဒ ဗုဒ္ဓသာသနာပြုဗဟိုကျောင်း၊ ဝေဠုဝန်စေတီတော် ရင်ပြင်နှင့် စေတီတော်ပတ်လမ်းတစ်လျှောက်ကို ယမန်နေ့ ညနေ၃နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

(၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကား ပြောကြားသည်။

ဖလမ်းမြို့၌ အောင်ခြင်း(၈)ပါး ပါဠိနှင့်ဓဇဂ္ဂသုတ်ပရိတ်တော်မြတ်အား ရွတ်ပွားခြင်းနှင့် ဘုရားစေတီပုထိုးများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အတွင်းအောင်ခြင်း(၈)ပါး အပြင်အောင်ခြင်း(၈)ပါးပါဠိနှင့် ဓဇဂ္ဂသုတ် ပရိတ်တော်မြတ်ရွတ်ပွားပူဇော်ခြင်းနှင့် ဘုရားစေတီပုထိုးများအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းကဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်၊ ရန်ပြေမာန်ပြေနိုင်ငံအေး အောင်တော်မူဓာတ်ပေါင်းစုဆုတောင်း ပြည့်စေတီတော်၌ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ချင်းပြည်နယ်)မှ မတည်ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ရေး လက်စွဲ(မူကြမ်း) ရှင်းလင်းခြင်းအခမ်းအနားသို့ တက်ရောက်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ချင်းပြည်နယ်)မှ မတည်ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ရေးလက်စွဲ(မူကြမ်း) ရှင်းလင်းခြင်းအခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ သာသနာ့ရောင်ခြည်စေတီတော် ပုရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ ပြည်တော်သာရပ်ကွက်ရှိ သာသနာ့ရောင်ခြည်စေတီတော်အား အများပြည်သူ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင် ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်