ဟားခါးမြို့နယ်နှင့် ဝန်းကျင်ဒေသအချို့တွင် မြေပြိုတောင်ပြိုမှုများနှင့် ပတ်သက်၍ အင်ဂျင်နီယာ ဘူမိဗေဒဆိုင်ရာ အစီရင်ခံစာပါအချက်အလက်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်
ဟားခါးမြို့နယ်နှင့် ဝန်းကျင်ဒေသအချို့တွင် မြေပြိုတောင်ပြိုမှုများနှင့် ပတ်သက်၍ အင်ဂျင်နီယာ ဘူမိဗေဒဆိုင်ရာ အစီရင်ခံစာပါ အချက်အလက်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။