ချင်းပြည်နယ်

တွန်းဇံမြို့နယ်၊ ဇမ်ပီးကျေးရွာဟောင်းရှိ သင်းအုပ်ဆရာနေအိမ်နှင့်ခရစ်ယာန်ဘုရားရှိခိုး ကျောင်း မီးလောင်ကျွမ်းပျက်စီး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်၊ ဇမ်ပီးကျေးရွာအုပ်စု၊ ဇမ်ပီးကျေးရွာဟောင်း သတ္တမ မြောက်နေ့အသင်းတော် သင်းအုပ်ဆရာ ဦးဂိုးဇမန် နေအိမ်နှင့် အနီးရှိ သတ္တမမြောက်နေ့ အသင်းတော် ခရစ်ယာန်ဘုရားရှိခိုးကျောင်းသည် ဖေဖော်ဝါရီ ၃ ရက် နံနက် ၁ နာရီက မီးလောင် ကျွမ်းပျက်စီး သွားကြောင်း တွန်းဇံမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးမှ သိရသည်။

ဟားခါးမြို့ စျေးသစ်ရပ်ကွက်တွင် လူနေအိမ်(၂)လုံး မီးလောင်မှုဖြစ်ပွား၊ လူ(၆)ဦးသေဆုံး

ဟားခါးမြို့ စျေးသစ်ရပ်ကွက်တွင် လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားခဲ့ရာ မှတစ်ဆင့် အပူလွန်ကဲပြီး ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က လူနေအိမ်(၂)လုံး မီးလောင်မှုဖြစ်ပွား၍ လူ(၆)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း ဦးစီးဌာန၏ MCCT အစီအစဉ်အရ လိုင်လင်းပီမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်ထိ ကလေးများအား ထောက်ပံ့ကြေးပေးအပ်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၏ (Maternal and Child Cash Transfer-MCCT)အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်အထိ ကလေးများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲ အချိန်ခန့်မှစ၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ပေးအပ်ကြသည်။

ရေဇွာမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ချင်းပြည်နယ်၊ ရေဇွာမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ရေဇွာမြို့ ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြသည်။

ခိုင်ကမ်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ MCCT အစီစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ (၂)နှစ်အထိ ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်

လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အရ ခိုင်ကမ်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ(၃)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၃)ဦးသည် ကျန်းမာရေး ကောင်းမွန်သဖြင့် ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအနက် ကျောင်းစုစုပေါင်း (၄၉)ကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို Unicef Myanmar ၏ပံ့ပိုးမှုဖြင့်ပြည်သူ့ မျှော်လင့်ချက်အသင်းမှ ဇန်နဝါရီလအတွင်း၌ အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ကြသည်။

ဟားခါး-ထန်တလန် လမ်းတွင် မော်တော်ယာဉ်တစ်စီး ချောက်ထဲထိုးကျ တိမ်းမှောက်၍ လူ (၂) ဦးသေဆုံး

ချင်းပြည်နယ် ဟားခါးမြို့မှ (၄) မိုင်ခန့်အကွာ ဟားခါး-ထန်တလန်လမ်းတွင် ထန်တလန်မှ ဟားခါးသို့ ထွက်ခွာလာသော အိမ်စီးကား (၄) ဘီးကား ခဲရောင်ယာဉ်သည် ယနေ့ညနေ ၂ နာရီ မိနစ် ၂၀ အချိန်ခန့်က အရှိန်လွန်ပြီး ပေ (၅၀၀) ခန့်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်၍ ယာဉ်မောင်းနှင့် သမီးဖြစ်သူ (၂) ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖလမ်းမြို့ မီးဘေးသင့် ပြည်သူများအတွက် ဟားခါးလူငယ်အသင်း (Hakha Youth Organization)က ထောက်ပံ့ငွေကျပ် (၄၅)သိန်း လာရောက်လှူဒါန်း

ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအတွက် ဟားခါးလူငယ်အသင်း (Hakha Youth Organization) က ဖလမ်းမြို့ မီးဘေးသင့်ကူညီရေး အဖွဲ့ထံသို့ အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်ကာ အလှူငွေများကို ဖလမ်းမြို့ မီးဘေးသင့်ကူညီရေးအဖွဲ့ ပြည်တွင်း ပြည်ပ မီးဘေးသင့် အလှူငွေရှာဖွေရေး တာဝန်ခံ ဆလိုင်းငယ်ပီး သျှန်းအုပ်ထန်းက လက်ခံရယူသည်။

ချင်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ Physical Fitness Dance ပြိုင်ပွဲဝင်များအား T-Shirt ဝတ်စုံများ ထောက်ပံ့

ချင်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဟားခါးမြို့နယ်အတွင်းရှိ Physical Fitness Dance ပြိုင်ပွဲဝင်များအား T-Shirt ဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ဟားခါးမြို့၊ ခိုင်ကမ်း အားကစားရုံခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ချင်းပြည်နယ်