ချင်းပြည်နယ်

ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ပါးစပ်နှင့် နှာခေါင်းစည်းများဖြန့်ဝေ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုများပြားလာမှုကြောင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူ ၄၀ ဦး စစ်ဆေးခဲ့ရာ ရောဂါပိုးရှိသူ ၃ ဦးတွေ့ရှိ

ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ သံသယရှိသူ(၄၀)ဦးအား စစ်ဆေးခဲ့ရာ ကျား(၁)ဦး၊ မ(၂)ဦး၊ စုစုပေါင်း(၃)ဦးမှာ ကိုဗစ်-၁၉ရောဂါ positive ဖြစ်ကြောင်း သိရသည်။

တီးတိန်၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဆက်လက်စစ်ဆေး

ချင်းပြည်နယ် တီးတိန်မြို့၌ သက်ဆိုင်ရာဌာနများ၊ မြို့မိမြို့ဖများ၊ လူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ ဦးဆောင်မှုဖြင့် မြို့ပေါ်ရှိလူနာများအား COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့မ Cope Centennial Jubilee Hall (C CJ HALL)၌ ပြုလုပ်ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် ပျော်ဘွယ်မြို့နယ်ရုံး ဝန်ထမ်း များနှင့်တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့ မွန်းလွဲ(၁)နာရီခန့်က ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးသို့ရောက်ရှိပြီး Community Centre ခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့အဝင်ဂိတ်များ၌ လူနှင့်ယာဉ်ဖြတ်သန်းသွားလာမှုစောင့်ကြည့်စစ်ဆေးခြင်းနှင့် RDT Test Kit စစ်ဆေးခြင်းဆောင်ရွက်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီနှင့်အတူ ကျန်းမာရေးဌာန၊ ရပ်ကွက်လူငယ် Volunteer များပူးပေါင်းပြီး ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့အဝင်ဂိတ်များ၌ လူနှင့်ယာဉ်ဖြတ်သန်းသွားလာမှု စောင့်ကြည့်စစ်ဆေးခြင်းနှင့် RDT Test Kit စစ်ဆေးခြင်းကို ယနေမှစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေ စစ်ဆေးကုသနိုင်ရေးအတွက် HLDO အဖွဲ့အစည်းမှ RDT Test Kit နှင့် ဆေးဝါးများ ဒုတိယအကြိမ်ထောက်ပံ့လှူဒါန်း

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ အခြေချရုံးဖွင့်လှစ်ထားရှိသည့် ဟွာလ်ငိုဒေသဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အစည်း (Hualngo Land Development Organization- HLDO)မှ ရိခေါ်ဒါရ်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေစစ်ဆေးကုသနိုင်ရေးအတွက် RDT Test Kit များနှင့် ဆေးဝါးများကို ယမန်နေ့က ဒုတိယအကြိမ် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တီးတိန်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ ဆက်လက်စစ်ဆေး

ချင်းပြည်နယ် တီးတိန်မြို့၌ သက်ဆိုင်ရာဌာနများ၊ မြို့မိမြို့ဖများ၊ လူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ ဦးဆောင်မှုဖြင့် မြို့ပေါ်ရှိလူနာများအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့မ Cope Centennial Jubilee Hall (C CJ HALL) နှင့် ပြည်သူ့ဆေးရုံ၌ပြုလုပ်ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်းများ လှူဒါန်းပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေစစ်ဆေးခြင်း၊ ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ယနေ့တွင် စံပြကုမ္ပဏီမှ နှာခေါင်းစည်းများ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရိခေါဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်းများ လှူဒါန်းပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေစစ်ဆေးခြင်း၊ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ယနေ့တွင်  စံပြကုမ္ပဏီမှ နှာခေါင်းစည်းများ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူ(၂၀)ဦး ရောဂါစစ်ဆေးခဲ့ရာ ၈ ဦးတွင် ရောဂါပိုးတွေ့ရှိ

ချင်းပြည်နယ်၊ ထန်တလန်မြို့၊အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ ဇွန်လ ၁၇ ရက် ယမန်နေ့ ညနေပိုင်းက မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ COVID-19 ရောဂါသံသယရှိသူ(၂၀)ဦးအား စစ်ဆေးခဲ့ရာ ကျား(၃)ဦး၊ မ(၅)ဦး၊ စုစုပေါင်း (၈)ဦးတွင် COVID-19 ရောဂါ positive ဖြစ်ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်