ကရင်ပြည်နယ်

သံတောင်ကြီးဒေသထွက် လက်ဖက်ခြောက်များ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးကို အဓိကလုပ်ဆောင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရပ်ဝေးဒေသများမှ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုကြတော့မည်ဖြစ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် စာမေးပွဲဖြေဆိုရန် ဘားအံမြို့တွင် ရောက်ရှိတည်းခိုနေထိုင်သော ရပ်ဝေးဒေသများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများအား မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက လိုက်လံတွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး စားသုံးကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ကမမောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်း မြန်မာစာဘာသာရပ် စတင်ဖြေဆို

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်၀င်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် (၉) နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖြေဆိုလျက်ရှိ‌ကြောင်း သိရသည်။

ဘားအံမြို့နယ်၊ ကော့ဂွန်းကျေးရွာရှိ သိမ်ကျောင်းဘုန်းတော်ကြီးကျောင်း ရှေးဟောင်းသိမ်အား ပြုပြင်မွမ်းမံပြီးစီး ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများ စုပေါင်းပြုပြင်မွမ်းမံလှူဒါန်းသော ဘားအံမြို့နယ်၊ ကော့ဂွန်းကျေးရွာရှိ သိမ်ကျောင်းဘုန်းတော်ကြီးကျောင်း ရှေးဟောင်းသိမ်အား ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါဘုန်းတော်ကြီးကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သိမ်တော်ကြီးအားလှည့်လည်ကြည့်ရှုပြီး သိမ်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီးတို့ကို ကပ်လှူပူဇော်ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတက်ရောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်း

(၇၆)နှစ်မြောက်ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ဘားအံမြို့နယ်၊ မြိုင်ကလေးရွာကြီး၊ ပအိုဝ်းအမျိုးသားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှတာဝန်ရှိသူများက (၇၆)နှစ်မြောက်ပအိုဝ်း အမျိုးသားနေ့အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

လှိုင်းဘွဲမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆင့်ပွားသင်တန်း ပို့ချ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အတွင်းရှိကလေးသူငယ်များ ရရှိရထိုက်သောအခွင့်အရေးဆိုင်ရာများကိုရရှိစေရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

တပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဖော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့၏ ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီးပရိဝုဏ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (တတိယ)အကြိမ်မြောက် တပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ် ဖတ်ပူဇော်ပွဲပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါဘုရာကြီး ဂန္ဓကုဋီတိုက်အတွင်း၌ ဆင်ယင်ကျင်းပသည်။

လိပ်သိုဒေသတွင် အာရေဗီးကားနှင့် ရိုဘတ်စတာကော်ဖီပင်များ ဝေဝေဆာဆာဖူးပွင့်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် နှစ်ရှည်ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ ဒေသခံတောင်သူများစိုက်ပျိုးလျက်ရှိသော နှစ်ရှည်သီးနှံပင်များစွာအနက် အာရေဗီးကားနှင့် ရိုဘတ်စတာ ကော်ဖီမျိုးများမှာ ယခုနှစ်ရာသီတွင် ဝေဝေဆာဆာ ဖူးပွင့်နေပြီး အောင်မြင်လျက်ရှိနေကြောင်း သိရသည်။

ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သင်တန်းသား/သူ ၁၃၅ ဦး နွေရာသီအခြေခံ သင်တန်းများတက်ရောက်သင်ကြားလျက်ရှိ

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (ဘားအံ)၊ ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် ပန်းချီပညာရှင်များ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်း၊ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းနှင့် အခြေခံပန်းချီသင်တန်းတို့တွင် သင်တန်းသား၊ သင်တန်းသူ ၁၃၅ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၃) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နံနက်ပိုင်းက  လိပ်သိုမြို့ အမှတ်(၃) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်