ဘားအံမြို့၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် သံဃပဝါရဏာ သိမ်ဆင်းလောင်းလှူ၊ ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ကောင်းမှု ကုသိုလ်ပြုကြသူများဖြင့်စည်ကား
ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိက ဗဟုဇနဟိတဓရဘဒ္ဒန္တကဝိဓဇအမှူးပြုသော ဆရာတော်၊ သံဃာတော်များသည် ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဘားအံမြို့ မဲဘောင်ကျောင်းတိုက်၌ သံဃပဝါရဏာပြုတော်မူကြရာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှဦးစီး၍ တပည့်ဒါယကာ၊ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်း၍ သံဃပဝါရဏာသိမ်ဆင်းလောင်းလှူခဲ့ကြကြောင်း သိရသည်။