ကရင်ပြည်နယ်

ပိုင်ကျုံမြို့ရှိ အခြေခံပညာကျောင်းများ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်နှင့်ဉာဏ်ဏစွမ်းရည်မြှင့်မား‌စေရေးအတွက် ယ‌နေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စုရှိ အ-မ-က ထီးဖိုးမယ်ဘောကျောင်းနှင့် မူ(လွန်)မိုးနိုင်းကျောင်းတို့၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာ‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူဒါန်း

ဇွန်လ (၁၅)  ရက်နေ့တွင် ကျရောက်မည့်   နှစ် (၃၀) ပြည့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီက ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် စုပေါင်းသွေးလှူဒါန်းပွဲကို  အမှတ်(၄) ရပ်ကွက်၊  ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် စုပေါင်းဆောင်ရွက်သည်။

လိပ်သိုဒေသတွင် ပိန္နဲသီးများ လှိုင်လှိုင်ပေါ်ချိန် လိုက်လံရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိုးရာသီကာလ ပိန္နဲသီးမှည့်များ လှိုင်လှိုင်ထွက်ရှိချိန် ခူးယူပြီး လိုက်လံရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရလျက်ရှိနေကြောင်း သိရသည်။

မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား မော်တော် ယာဉ် နည်းဥပဒေ/ ဥပဒေပါသတ်မှတ်ပြဌာန်းချက်များအတိုင်း တိကျစွာ လိုက်နာမှုရှိစေရေး အသိပညာပေးစစ်ဆေးဆောင်ရွက်ခြင်းကို ဇွန်လ ၁၁ ရက်နေ့ ညနေ ၃ နာရီက မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဘုရားကြီးဝန်းနှင့် ဘုရင့်နောင်ဈေး မီးပွိုင့်လမ်းဆုံတို့၌ ဆောင်ရွက်သည်။          

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင် ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးခံရသူများ ရရှိနိုင်သောဆိုးကျိုးများအကြောင်းကို အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ဒေသထွက်ရာသီပေါ်သီးနှံများ ရှာဖွေရောင်းချမှုများမှ မိသားစုစားဝတ်နေရေး အဆင်ပြေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများမှ ထွက်ရှိသည့် ဒေသထွက်ရာသီပေါ်သီးနှံများကို ရှာဖွေစားသောက်ရောင်းချနေလျက်ရှိကြသည့် ကြိုးဝိုင်းအနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသနေရွာသူ၊ ရွာသားများ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့ အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိ ပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီတွင် အ-ထ-က(ခွဲ)(၁) ကျောင်းနှင့် နေ့လယ် ၂ နာရီတွင် အ-ထ-က(၂) ကျောင်းတို့၌ ဆောင်ရွက်သည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကရင်ပြည်နယ်လူငယ်စင်တာ (Youth Center) တက်ရောက်ဖွင့်လှစ်

လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်၊ အားကစား၊ အနုပညာလှုပ်ရှားမှုများအပါအဝင် လူငယ်ရေးရာကိစ္စရပ်များဆောင်ရွက်နိုင်ရန် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၂၀၈၃ ဒဿမ ၂၂၈ သန်းဖြင့် တည်ဆောက်ခဲ့သော (၁၄၀ ပေ x ၈၀ ပေ) RC သုံးထပ် လူငယ်စင်တာဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ အဆိုပါစင်တာရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများပုံမှန်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ စာအုပ်စာစောင်၊ ရသ၊ ဗဟုသုတရရှိစေသည့်စာအုပ်များကိုငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းတည့် (၁၂) နာရီကျောင်းဆင်းချိန်နှင့် ညနေ ၃ နာရီခွဲကျောင်းဆင်းချိန်များတွင် ကျောင်းသား/ကျောင်းသူများက စာကြည့်တိုက်သို့ စာအုပ်/စာစောင်များလာရောက်ငှား ရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏စွန့်စားမှုဆီသို့ခြေတစ်လှမ်းစာအုပ်အား ယမန်နေ့နေ့လယ်(၂) နာရီ အချိန်က သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်  (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်