ကရင်ပြည်နယ်

လှိုင်းဘွဲမြို့နယ်၌ အချိန်ကို စီမံခန့်ခွဲတတ်စေရန် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းစာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဒေသအတွင်းလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းများကို လစဉ်ကျင်းပပေးလျက်ရှိရာ စာရေးဆရာ ဂျွန်မြန်မာပြန်ရေးသားထားသော အချိန်ကိုစီမံခန့်ခွဲခြင်းဖြင့်အောင်မြင်မှုကိုရယူခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်သည်။

ပိုင်ကျုံမြို့၌ ကော်ဖီစိုက်ပျိုးမည့်တောင်သူများအား ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်

ပိုင်ကျုံမြို့တွင် ကော်ဖီ ဧက ၁၀၀ စိုက်ပျိုးရန်လျာထားပြီး ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၂၃ ဧကအတွက် ပျိုးပင် ၁၀၀၀၀ စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် လျာထားဧကပြည့်မီရေးအတွက် ပျိုးပင်များအား ဆက်လက်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

လှိုင်းဘွဲမြို့နယ် အထက(နောင်ဘိုကြီး) ကျောင်းအဝင်လမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်

ကရင်ပြည်နယ်ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် နောင်ဘိုကြီးကျေးရွာအုပ်စု အထက(နောင်ဘိုကြီး) ကျောင်းအဝင်လမ်းကို ကျောက်လမ်းမှကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

လှိုင်းဘွဲမြို့နယ်၌ မြေလမ်းမှကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီးကျေးရွာအုပ်စု နောင်ဘိုကြီး-ရွာကိုင်းကောင်း ကျေးရွာချင်းဆက်လမ်းမြေလမ်းမှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  မြေလမ်းမှကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာတာဝန်ရှိသူများက ဇူလိုင် ၂၁ ရက်တွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ဘားအံမြို့၌   ရပ်ရွာအအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြော

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအအခြေပြု အသက်မွေ ဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ-ထ-က(ခွဲ)အုန်းတပင်ကျောင်းခန်းမ၌ ကျင်းပသည်။

ကရင်ပြည်နယ်အတွင်း မွေးမြူစိုက်ပျိုးထုတ်ကုန်များ စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေး တောင်သူစည်းရုံးပညာပေးလုပ်ငန်းများဆောင်ရွက်

စားရေရိက္ခာဖူလုံပြီး ပိုလျှံသည်များအား တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ ဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး တောင်သူများမှစွမ်းအားပြည့်မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်ရန် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့်နှီးနွယ်ဆက်စပ်ဌာနများမှ တောင်သူ စည်းရုံးပညာပေးလုပ်ငန်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထိုသို့ကွင်းဆင်း ဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးသည်။

ကော့ကရိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဘားအံမြို့ လူငယ်စင်တာ စည်းအဝေးခန်းမတွင် ကျင်းပရာ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

လိပ်သိုဒေသထွက် ထောပတ်သီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို​ဒေသရှိ ဒေသခံများမှာ နှစ်တိုနှစ်ရှည် သီးနှံပင်အမျိုးမျိုးကို စိုက်ပျိုးလျက်ရှိကြရာ ထောပတ်ပင်များကိုလည်း စိုက်ပျိုးထားလျက်ရှိပြီး ဒေသထွက်ထောပတ်သီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကျောင်းတိုက်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍  ဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအက သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကကျာင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အ.လ.က(၁) ကျောင်းသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ်(၁)၊ အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်