ကရင်ပြည်နယ်

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အောင်ပွဲရ ကရင်ပြည်နယ်ဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆို

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သော ကရင်ပြည်နယ်ဘောလုံးအသင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ဘားအံမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဘောလုံးအားကစားကို ချစ်မြတ်နိုးကြသော ဒေသခံပြည်သူများက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ကြည့်ရှုအားပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးနှင့်အခွင့်အရေး ကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိပြီး စားရေရိက္ခာဖူလုံပိုလျှံရေးနှင့် လယ်ယာကဏ္ဍတိုး တက်မြင့်မားရေးအတွက် ဌာနဆိုင်ရာများနှင့်ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၆ ရက်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မြေပြင် ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ကမမောင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တတ်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်အနိမ့်ပိုင်းရှိ လူနေအိမ်နှင့် ကားလမ်းများရေကျော်မှုများဖြစ်ပွား

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေ မြင့်တတ်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်အနိမ့်ပိုင်းရှိ ‌လူနေအိမ်နှင့် ကားလမ်းများရေကျော်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ကမမောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဘားအံမြို့၌  Professional  Sale Training For Real Estate (အရောင်းမြှင့်တင်ရေး)သင်တန်းဖွင့်

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှ ကြီးမှူးကျင်းပသော Professional Sale Training For Real Estate (အရောင်းမြှင့်တင်ရေး)သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပခဲ့သည်။

ပိုင်ကျုံမြို့ ပရဟိတမြို့မသာသနပြုကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ ပရဟိတမြို့မ-သာသနာပြုကျောင်း၌ မြို့ရှိဌာနဆိုင်ရာများတို့မှ စုပေါင်းကာ ဇူလိုင် ၂၄ရက်နေ့က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဆောင်ရွက်ခဲ့သည်။

လိပ်သိုဒေသတွင် ဒူးရင်းပျိုးပင်များ ဈေးကောင်းရရှိ၍ ပျိုးထောင်ရောင်းချသူများ အဆင်ပြေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒူးရင်းပင်ပျိုးထောင်ထားသူများသည် ယခုနှစ်တွင် ပျိုးပင်ဈေးကောင်းရရှိ၍ ဝင်ငွေကောင်းကာ မိသားစုစားဝတ်နေရေး ဖူလုံလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့၌ ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်း (၈)ခုတွင် ရေဘေးသင့်ပြည်သူ (၄၇၃၆) ဦး ပြောင်းရွှေ့ခိုလှုံ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင်  မိုးအဆက်မပြတ်ရွာသွန်းပြီး သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိ၍ မြေနိမ့်ပိုင်းနှင့် မြစ်နှင့်နီးသောရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်လျက်ရှိသဖြင့် ရေဘေးသင့်ပြည်သူ (၄၇၃၆) ဦးတို့သည် ယာယီရေဘေး ကယ်ဆယ်ရေးစခန်း (၈) ခုတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

ကရင်ပြည်နယ်တွင် မြစ်ရေကြီးခြင်း သတိပေးချက် လိုက်လံနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမတီတာအထက် ရောက်ရှိလာပြီးဖြစ်သည့်အတွက် မြေနိမ့်ပိုင်းနေရာများတွင်နေထိုင်ကြသည့် ပြည်သူများအား ကြိုတင်သတိပြုနိုင်ရန်နှင့် အချိန်မီရှောင်ရှားနိုင်ရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီက ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအချက်များနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြစ်ရေကြီးခြင်း သတိပေးထုတ်ပြန်ချက်အား လိုက်လံနှိုးဆော်ခဲ့ကြသည်။

ဘားအံမြို့နယ်၌ သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာ ရောက်ရှိပြီး ဖြစ်သည့်အတွက် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသော သဘာဝဘေးန္တရာယ်များနှင့်ပတ်သက်၍ အရေးပေါ်ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်