ကရင်ပြည်နယ်

ဘားအံမြို့၌  ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် လူငယ်များပါဝင်ရန် အရေးကြီးကြောင်းအသိပညာပေး

ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ဩဂုတ် ၁၁ ရက်ကကျင်းပရာ  ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းအိတို့က ပူးပေါင်းဆောင်ရွက်ကြသည်။

ကရင်ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ရေး၊ ခြေတုလက်တုနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာသင်တန်းများဖွင့်လှစ်ပေးရေးဆွေးနွေး

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ဌာနေကိုယ်စားလှယ် Mr.Arnaud de Baecque နှင့်အဖွဲ့ အား ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဘားအံမြို့၌ ခရိုင်အဆင့်အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ် ဘားအံမြို့၌ ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမျိူးသမီးရေးရာ အဖွဲ့တို့ပူးပေါင်း၍ ဒေသခံအိမ်ထောင်ရှင်အမျိုးသမီးများ ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တိုးပွားလာစေရန်နှင့် စွန့်ပစ်ပစ္စည်များ ခွဲခြားသိမ်းဆည်ခြင်း အလေ့အကျင့် ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ အမျိုးသမီးများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး သင်တန်းကို ဘားအံခရိုင် ပတ်ဝန်းကျင်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

ဘားအံမြို့၌ ခရိုင်အဆင့်အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမျိူးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ဒေသခံအိမ်ထောင်ရှင်အမျိုးသမီးများ ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တိုးပွားလာစေရန်နှင့် စွန့်ပစ်ပစ္စည်များ ခွဲခြားသိမ်းဆည်ခြင်း အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ အမျိုးသမီးများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးသင်တန်းကို ဘားအံခရိုင်ပတ်ဝန်းကျင်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကေ့ာကရိတ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက်  Biometric (UID) စနစ်ဖြင့် Smart Card ပြုလုပ်ဆောင်ရွက်ပေး

ကေ့ာကရိတ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကေ့ာကရိတ်မြို့နယ် ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်ပေးခြင်းကို ဩဂုတ်လ ၁၂ ရက်နေ့မှစ၍ ယာယီရုံးဖွင့်လှစ်ထားသည့် အလေးမအားကစားရုံတွင် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

ကျုံဒိုးမြို့တွင် ရေကြီးနစ်မြုပ်ခဲ့သည့် သောက်သုံးရေတွင်းများအား ကလိုရင်းဆေးခတ်ခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် ရေကြီးနစ်မြုပ်ခဲ့သည့် အမှတ်(၂) ရပ်ကွက်အတွင်းရှိ အများပြည်သူ အသုံးပြုသည့် သောက်သုံးရေတွင်းများအား ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီက ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး၊ ကျုံဒိုးတိုက်နယ်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၌ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းသင်တန်းဆင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသော အသေး စားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုး ရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း(ပထမအကြိမ်)နှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(ဒုတိယအကြိမ်) သင်တန်းဆင်းပွဲကို လှိုင်းဘွဲမြို့နယ် အောက်ရေပူကျေးရွာ၊ ရေပူကျောင်းကြီး ဓမ္မာရုံ၌ ကျင်းပသည်။

လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီကျောင်းတွင်း အားကစားလှုပ်ရှားမှု ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ဘောလုံးကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ​နံရံကပ် စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဗဟုသုတတိုးပွားစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့ရှိ ဆင်းရဲနွမ်းပါးသည့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေလှူဒါန်း

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ အခြေခံလူတန်းစား ပြည်သူများအား စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်၌ ရှေးဟောင်းသမိုင်းဝင်ရွှေမြင်းဝန် စေတီတော်အတွင်းရှိ သာသနာ့ဟိတကာရီဗိမာန်တော်တွင် မြဝတီခရိုင် မြန်မာနိုင်ငံဆန် စပါးကုန်သည်များအသင်းခွဲမှ ဆန်၊ ခေါက်ဆွဲခြောက်ထုပ်များအား ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်