ကရင်ပြည်နယ်

ပိုင်ကျုံမြို့၌ မိသားစုအပိုဝင်ငွေရရှိရေးအတွက် တိုင်ထောင်ပဲများ တစ်ပိုင်တစ်နိုင်စိုက်ပျိုး

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးများကိုသာ အဓိကထား လုပ်ကိုင်ကြပြီး မိုးအကုန်ဆောင်းအကူးတွင် ယင်းတို့၏ ကိုင်း‌မြေများပေါ်၌ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် တိုင်ထောင်ပဲများ အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၌ မိသားစု တစ်နိုင်တစ်ပိုင် စားဖိုဆောင်သီးနှံများစိုက်ပျိုးကြ၍ ငွေကြေးစုဆောင်းနိုင်

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအုပ်စုအတွင်းရှိ ရေဘုတ်ရေလှောင်တမံမှ ဖြန့်ဝေသော ရေများကိုအသုံးပြု၍စားဖိုဆောင်ဟင်းသီး၊ဟင်းရွက်များကို စိုက်ပျိုးကြသဖြင့် မိသားစုဝင်ငွေများ နေ့စဉ်ပုံမှန်ရရှိကြောင်း ဟင်းသီး၊ဟင်းရွက်များစိုက်ပျိုးရောင်းချနေကြသည့်  တောင်သူများထံမှ သိရသည်။

မြဝတီမြို့၌ ပြင်းထန်ဝမ်းပျက်၊ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ကျောင်းမုန့်ဈေးတန်းများ ဆက်လက်ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌  ပြင်းထန်ဝမ်းပျက်၊ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဈေးတန်းများအား စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည် အ.ထ.က(၁)၊ အ.ထ.က(၃)၊ အ.ထ.ကခွဲ(၃)၊ အ.လ.က(၂) တို့၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်သည်။

ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေး

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် အားကစားပြိုင်ပွဲများ စတင်ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ အဆိုပါကျောင်းရှိ ဘောလုံးကွင်း၌ ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသတွင် Robusta ကော်ဖီသီးများ ဈေးကောင်းရရှိလာ၍ တောင်သူများနှင့် သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်ပင်ဖြစ်သော ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြရာ Robusta ကော်ဖီသီးများ ရင့်မှည့်ချိန် ဈေးကောင်းရရှိလာ၍ စိုက်ပျိုးသူတောင်သူများနှင့် သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့၌ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ခြင်းအနေဖြင့် ကျောင်းမုန့်ဈေးတန်းများ ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌  ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ခြင်းအနေဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဈေးတန်းများအား စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည် အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် အ.ထ.ကခွဲ(၁)တို့၌ ကွင်းဆင်းဆောင်ရွက်သည်။

အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း (၆)လ (ဒုတိယအကြိမ်) သင်တန်းဆင်း

ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း(ဘားအံ)၏ ၂၀၂၄ ပညာသင်နှစ် ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ(၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း(၆)လ (ဒုတိယအကြိမ်)သင်တန်း ဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်ကြားပေးလိုက်သည့် စာတွေ့/လက်တွေ့များကို အသုံးချပြီး မိမိတို့၏လက်တွေ့နယ်ပယ်အသီးသီးတွင် ပိုမိုကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်ကြိုးစားမှုတို့ဖြင့် ပေါင်းစပ်ကာ ကောင်းမွန်ဆန်းသစ်သည့် အတွေးအခေါ်များဖြင့် ရက်ကန်းရက်ထည်များ ဖန်တီးရက်လုပ်ရောင်းချနိုင်သည့် လုပ်ငန်းရှင်ကြီးများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းသီးနှံစိုက်ခင်းများအား ကြည့်ရှုအားပေး

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းသီးနှံစိုက်ခင်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်