လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေး
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် (Pfizer) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းအား ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။