အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2024
နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးကောင်း မျိုးသန့်များရရှိ စေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မိုးရာသီ မိုးစပါးမျိုး‌စေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် စိုက်ကွင်းများအား စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Aug 21,2024
သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 21,2024
မန္တ​လေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့တွင် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးနိုင်ရေး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းသည် တာဝန်ရှိသူများနှင့် ယမန်နေ့က မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
Aug 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုး‌ရေး ရက်သတ္တပါတ်များ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 21,2024
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိရှိစေရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာဖေမြင့်၏ ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေး စာအုပ်အား ယနေ့ နေ့နံနက် (၁၀) နာရီ အချိန်က   Community Centre ခန်းမ၌  စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Aug 21,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျောင်းသူ/ကျောင်းသားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယမန်နေ့လည်(၁)နာရီအချိန်က သံတောင်ကြီးမြို့ အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ အားကစားရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်
Aug 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေးနှင့် ကျေးရွာနေပြည်သူများ လွယ်ကူစွာဖြင့် စာပေလေ့လာဖတ်ရှုနိုင်စေရန် ယမန်နေ့ နေ့လယ်ပိုင်းက သဲဖြူကျေးရွာအုပ်စုရှိ  မြတ်ပညာ စာကြည့်တိုက်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။