Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်တက္ကသိုလ်တွင် ကျင်းပသည့် ဥပဒေအသိ ပညာပေးဟောပြောပွဲ တက်ရောက်၊ မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင…
Aug 26,2024
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြိတ်တက္ကသိုလ်ဘွဲ့နှင်သဘင်ခန်းမတွင် ကျောင်းသား/သူများ ဥပဒေအသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် ကျင်းပသည့် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် မြိတ်တက္ကသိုလ်တို့ ပူးပေါင်း ဆောင်ရွက်သော ဥပဒေအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဖောင်ကြီး (အနောက်) တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းက…
Aug 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဖောင်ကြီး(အနောက်)တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဖောင်ကြီး(အနောက်)၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ် အ.လ.က(၁)ကျောင်းတွင် Mpox (မျောက်ကျောက်ရောဂါ) အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အ.လ.က(၁)ကျောင်းတွင် Mpox (မျောက်ကျောက်ရောဂါ) အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နေ့လယ် (၁၁) နာရီ မိနစ် (၃၀) အချိန်က အဆိုပါကျောင်းရှိ မြမာလာခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့၌ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Aug 26,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးမှ ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကိုလက်လှမ်းမီစွာ ဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် ယနေ့နံနက်ပိုင်းက ခရိုင်အိုးအိမ်ဦးစီးဌာန၊ ပြည်တော်သာဝန်ထမ်းအိမ်ရာ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်
Aug 26,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်၊ စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဝေသည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Manual Drum Seeder Type-ll) ပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဝေသည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Manual Drum Seeder Type-ll) ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်း၌ မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ
Aug 26,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပခဲ့သော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများ၌ ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အ.ထ.က(၁) ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသော ကင်ပွန်းချဉ်ရွက်စိုက်ပျိုးခြင်းဖြင့် တောင်သူများအဆင်ပြေ
Aug 26,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်အပေါ်ရွာရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး သီးပင်စားပင်များ၊ မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်ပင်များကို ရာသီအလိုက်စိုက်ပျိုးရောင်းချလျက်ရှိကြပြီး ထိုသို့စိုက်ပျိုးရာတွင် အရင်းအနှီးကုန်ကျစရိတ်သက်သာ၍ ဝင်ငွေရရှိလွယ်သော မီးဖိုချောင်သုံးဟင်းရွက်ဖြစ်သည့် ကင်ပွန်းချဉ်ရွက်ကို ယခုနှစ်မိုးရာသီ၌ စီးပွားဖြစ်အများအပြားစိုက်ပျိုးထားကြရာ တောင်သူများအနေဖြင့် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7217
Page
7218
Page
7219
Page
7220
Current page
7221
Page
7222
Page
7223
Page
7224
Page
7225
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department