အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2024
တောင်သူများ ဆီထွက်သီးနှံဖူလုံရေး ၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးရရှိရေး တို့အတွက် ရေဆင်းစပ်မျိုးနေကြာ(၁) မျိုးစေ့ထုတ် တောင်သူကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၈) နာရီက တံတားဦးခရိုင် တံတားဦးမြို့နယ် ပန်းယျကျေးရွာ ကွင်းအမှတ် (၁၃၄၂)ကွင်း တောင်သူ ဦးညွန့်နိုင်ဝင်း ရေဆင်းစပ်မျိုးနေကြာ(၁) မျိုးစေ့ထုတ်စိုက်ခင်း၌ ကျင်းပကြောင်း သိရသည်။
Aug 21,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်း​များအား ပင်စာလစာများ လစဉ်ထုတ်ပေးလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၉)နာရီက ရေဖြူမြို့နယ် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
Aug 21,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများရှိပါလျက် ဈေးနှုန်းကစားရန် ရည်ရွယ်ချက်ဖြင့် ဆီအရောင်းဆိုင်များ ပိတ်ထားခြင်း၊ သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်၍ ရောင်းချခြင်းများ မရှိစေရေး ယနေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 21,2024
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင်  သြဂုတ်လအတွက်  ပင်စင်လစာငွေများကို   ယနေ့နံနက် (၅) နာရီခွဲအချိန်က ဘဏ်ဝန်ထမ်းများမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် စီစဥ်ဆောင်ရွက်ကာ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Aug 21,2024
၂၀၂၄ခုနှစ် တိုင်းဒေသကြီးအဆင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံဖြိုးရေးရက်သတ္တပတ်များအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီးဒေါ်မမ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးနှင့်ဇနီးဒေါ်သီတာဇင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်ဇနီး ဒေါ်စမ်းစမ်းမြင့်၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်ဇနီးဒေါ်ဆွေဆွေ၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့်ဇနီးဒေါ်မီမီစိုး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အခြားဖိတ်ကြားထားသူများ၊ ကလေးငယ်များနှင့် ၎င်းတို့၏ မိခင်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ တက်ရောက်ကြသည်။
Aug 21,2024
"ကျန်းမာပျော်ရွှင် ပညာသင်ဖို့ ပတ်ဝန်းကျင်ကောင်းဖန်တီးစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျောင်းကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ သိရှိကျင့်သုံးစွဲမြဲပြီး ကျန်းမာရေးအဆင့်အတန်းမြင့်မားတိုးတက်လာစေရေး၊ ကျန်းမာရေးနှင့်ပတ်သက်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးသွားစေရေးအတွက် ရည်ရွယ်၍ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 21,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဒေသအတွင်းစိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်များပျိုးထောင်ထားရှိပြီး ကျေးရွာသုံးစိုက်ခင်း၊ အခြားစိုက်ခင်းနှင့်တောင်တန်းစိုက်ခြင်းများအတွက် ပျိုးပင်ပေါင်း(၅၁၇၁၀) စိုက်ပျိုးထားရှိကြောင်း သိရသည်။