အမြို့မြို့အနယ်နယ်သတင်းများ

Aug 27,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က စျေးပိုင်းရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Aug 27,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ကြီးကြပ်မှုဖြင့် အခွန်ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 27,2024
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကြီးမှူး၍ မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းစဉ် 3Rs ဖော်ဆောင်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က(ပေါက်ခေါင်း)ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 27,2024
ဧရာဝတီတိုင်းဒေသသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပြင်ခရိုင်တွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ည‌နေပိုင်းက အဆိုပါ ကျောင်းရှိအားကစားဝန်းအတွင်း ကျင်းပပြုလုပ်သည်။
Aug 27,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာတွင် မိသားစုတစ်ပိုင်တစ်နိုင် အာဆီယံသပြေ​ပန်းစိုက်ပျိုး၍ မိသားစုဝင်ငွေရရှိကြောင်း သိရသည်။
Aug 27,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံမိုးနှမ်းလျင်သီးနှံများကို ၂၀၂၄-ခုနှစ် မေလ နောက်ဆုံးပတ်က စိုက်ပျိုးခဲ့ရာ ယခုဩဂုတ်လအတွင်း သီးနှံများရိတ်သိမ်းပြီး ဈေးကွက်သို့ နှမ်းလျင်များ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
Aug 27,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် (အ.ထ.က) ခမောက်ကြီး‌ကျောင်း၊ ပညာရေးမိသားစုမှ ရဟန်းသံဃာရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Aug 27,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်မည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းမှ ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး‌ရေး‌ဆောင်ရွက်သည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲကို လွိုင်လင်မြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ မွေတော်ဘုရားဓမ္မာရုံတွင် ယနေ့နံနက်ပိုင်းက ကျင်းပပါသည်။