Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းမှ သင်တန်းသားများက လက်တွေ့ကွင်းဆင်းကောက်ယူ
Aug 30,2024
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ သင်တန်းသားများသည် ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော် ရပ်ကွက်အတွင်း လက်တွေ့ကွင်းဆင်း ကောက်ယူကြသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက် ၁၉၇၈ ဧကစိုက်ပျိုးပြီးစီး
Aug 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်များစိုက်ပျိုးမှုကို ဇွန်လဆန်းက စတင်စိုက်ပျိုးခဲ့ပြီး လက်ရှိအချိန်တွင် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်စုံ ၁၉၇၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေး
Aug 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအား ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ
Aug 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးဟောင်းအစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် အလွတ်တန်းဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲ စတင်ကျင်းပ
Aug 30,2024
၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီးဘော်လီဘော ဆပ်ကော်မတီတို့ ပူးပေါင်းကျင်း ပသည့် ရွှေမင်းဝံဖလား အမျိုးသား/ အမျိုးသမီး (အလွတ်တန်း) ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီက ပိုးတန်းရပ်ကွက်ရှိ အားကစားရုံတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်း၌ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ ဆွေးနွေးပွဲပြုလုပ်
Aug 30,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ မြို့နယ်ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေး
Aug 30,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်အောင်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးတက်ရောက်
Aug 30,2024
၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အောင်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7023
Page
7024
Page
7025
Page
7026
Current page
7027
Page
7028
Page
7029
Page
7030
Page
7031
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department