အမြို့မြို့အနယ်နယ်သတင်းများ

Nov 03,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မိုးနှောင်းဝါ၊ ဆောင်းနေကြာသီးနှံများနှင့် နို့စားနွားမွေးမြူရေး သမဝါယမအသင်းများသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဇော်ဦး(ညွှန်ကြားရေးမှူး)နှင့် တာ၀န်ရှိသူများမှ နိုဝင်ဘာ (၁)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့သည်။
Nov 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသားများပါဝင်ဆောင်ရွက်မှု တိုးမြှင့်စေရန်၊ အစပျိုးလှုပ်ရှားမှုများ လုပ်ဆောင်ရသည့်အကြောင်းအရင်းများ၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်စေရန်၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုနှင့် အသင်းအဖွဲ့များဖွဲ့စည်းဆောင်ရွက်ခြင်းကို တတ်နိုင်သည့်ဘက်မှပံ့ပိုးကူညီရန်ရည်ရွယ်၍ ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ(Student Participation Initiatives- SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးအစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Nov 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် မိုးသီးနှံ မြေပဲ ၁၄၀၅ ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ၁၇၅ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Nov 03,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ပဲတီစိမ်းသီးနှံ ၂၀၅၉ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Nov 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ ဘုရားပွဲတော်ရာသီတွင် ရွှေစက်တော်တောရိုင်းတိရစ္ဆာန်နှင့် ဘေးမဲ့တောဥယျာဉ်မှ ကြယ်လိပ်နှင့် ရွှေသမင်ခြံများအား လာရောက် လည်ပတ်ပြီး ကြည့်ရှုလေ့လာနိုင်ကြောင်း ရွှေစက်တော် ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။
Nov 03,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် တန်ဆောင်တိုင်ပွဲတော်ကြီးတွင် မြန်မာ့ရိုးရာ နွားအလှနှင့်ဒုန်းသိုင်းပြိုင်ပွဲ ထည့်သွင်းကျင်းပယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။