အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ကျောင်းအခြေပြု DT ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးနှင့် HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်က အ.မ.က ယွန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Nov 20,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မအူတောအုပ်စု၊ မအူတောကျေးရွာ အခြေခံပညာ(မူလွန်)ကျောင်း၌ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ ပူး​ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
Nov 20,2024
ပြည်သူများအကြား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် စာပေအပေါ်ချစ်မြတ်နိုးတတ်စေရန် စာပေဖြင့်ဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်သူများ Book Club အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ ၁၃ နာရီအချိန်က အဆိုပါပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ  (၁)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
Nov 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိပ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများကို ယနေ့နိုဝင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က အခြေခံပညာမူလတန်းလွန်(ကညင်ချောင်း)ကျောင်း၊ အခြေခံပညာမူလတန်း(တာဦး)ကျောင်း၊ အခြေခံပညာမူလတန်း(ကျွန်းဦး)ကျောင်းတို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိသည်။
Nov 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းသီးနှံမျိုးစုံ စတင်စိုက်ပျိုးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အနောက်ရွာတော်ကျေးရွာ ကွင်းအမှတ် (၃၃၇)၊ ဦးပိုင်အမှတ် (၁၄၂/၁) တောင်သူ ဦးညွှန့်ပို၏ ယာမြေ (၆.၂၅) ဧကတွင် ဆောင်းနေကြာများ မြေပြင်ပြီး စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Nov 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက်(၀၈:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။