Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် တွံတေး၌ ဟောပြောပွဲကျင်းပ
Jun 25,2024
၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စျေးသစ်ရပ်ကွက်တွင် ယနေ့နေလယ်(၁:၀၀)နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း (စျေးသစ်)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်၌ နွေစပါး (ဆာဖိုးသာ) စံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Jun 25,2024
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်မြို့နယ်၌ နွေစပါး(ဆာဖိုးသာ) စံကွက်ရိတ်သိမ်းပွဲကို ဇွန် ၂၃ ရက်နေ့က မာန်မြေကျေးရွားအုပ်စု ဖရဲကျွန်းကျေးရွာ ကွင်းအမှတ်(၆)၊ ဦးပိုင်အမှတ် (၇၅) တောင်သူဦးဌေးဝင်း၏ လယ်မြေတွင် ကျင်းပရာ တစ်ဧက စပါးအစိုအထွက်နှုန်း ၁၉၅ ဒဿမ ၃၁ တင်း ထွက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပ…
Jun 25,2024
ရှမ်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးစီး၍ ၂ဝ၂၄ - ၂ဝ၂၅ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ ကျောင်းအခြေပြုသန်ချဆေးတိုက်ကျွေး အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ မြသီရိခန်းမဆောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 25,2024
ရှမ်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီး၍ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေး အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ မြသီရိခန်းမဆောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် အခြေခံလူတန်းစားများအား ဧည့်မထ ဆန် (၁)ပြည် (၂၇၀၀)ကျပ်ဖြင့် ရောင်းချပေးမည်
Jun 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ရောင်းဝယ်သူများနှင့် မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများ အဆင်ပြေစေရေးအတွက် ဧည့်မထဆန်များအား (၁)ပြည်(၂၇၀၀)ကျပ်ဖြင့် ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောခြင်းနှင့် ပြိုင်ပွဲများ ကျင်းပ
Jun 24,2024
၂၀၂၄ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟေ…
Jun 24,2024
ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့ အခြေခံပညာကျောင်းများ၌ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော
Jun 24,2024
ဇွန်(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုအဖြစ် အသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စတင်ကာ အ.ထ.ကခွဲ(၁)၊ အ.လ.က(၂)နှင့် မူလွန်(မြဝတီ)တို့တွင် ဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4659
Page
4660
Page
4661
Page
4662
Current page
4663
Page
4664
Page
4665
Page
4666
Page
4667
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department