Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုသိမ်ခရိုင်အဆင့်(၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 18,2024
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Aug 18,2024
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်လေဆိပ် အပြီးသတ် ပြင်ဆင်နေမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အရေးကြီး ပုဂ္ဂိုလ်များ နားနေဆောင် ၊ ခရီးသည်များ ဆိုက်ရောက်ထွက်ခွါနားနေဆောင်၊ လေကြောင်းအကဲကြည့်မျှော်စင်နှင့် လေဆိပ်လုံခြုံရေး အုတ်တံတိုင်းခြံစည်းရိုး ကာရံထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန်နှင့် လေဆိပ် ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွ…
Aug 18,2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော ကယားပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ၊ ဧည့်ရိပ်သာခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူ အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်ရေးကမ်းထိန်းနံရံ၊ ရေထိန်းတံခါးများနှင့် ကမ်းပတ်တာရိုးလမ်းများမြင့်တင်နိုင်…
Aug 18,2024
ကချင်ပြည်နယ်အတွင်း နှစ်စဉ်မိုးရာသီတွင် ဧရာဝတီအထက်ပိုင်း မြစ်ဝှမ်းတစ်လျှောက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနားမြို့၌ ရေကြီးနစ်မြှုပ်မှုဖြစ်စဉ်များဖြစ်ပေါ်လေ့ရှိရာ မြို့ရေကြီးနစ်မြှုပ်မှုဖြစ်စဉ်မှ ကာကွယ်နိုင်ရေး၊ စံချိန်တင်မြင့်တက်မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ လျော့ချနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်န်သည် နေပြည်တော်မှ စေလွှတ်ခဲ့သည့် ကွင်းဆင်းလေ့လာစစ်ဆေးရေးအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် အဓိကရေဝင်ပေါက်နေရာများကို သြဂုတ် ၁၇ ရက်နှင့် ၁၈ ရက်များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံ၌ (၄၅) ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ
Aug 18,2024
ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ပွဲတော်ကို ကရင်တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ နေရာဒေသအသီးသီးတွင် ဆွေမျိုးမိသားစုအလိုက်သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ဝါခေါင်လရောက်တိုင်း နှစ်စဉ်ဆင်ယင်ကျင်းပလေ့ရှိကြရာ ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ဇွဲကပင်ခန်းမ၌ (၄၅) ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ပွဲတော်ကို အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ စုပေါင်းဆင်ယင်ကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်…
Aug 18,2024
မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်နိုင်ရန် အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် ဘော်ဒါပေါင်းစုံချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 18,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဘော်ဒါပေါင်းစုံ ချစ်ကြည်ရေးဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့ဦးရပ်ကွက်၊ ရွှေပြည့်ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့် အောင်မြင်ကြသူများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပ…
Aug 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား/သူများနှင့် မြို့နယ်တွင်းရှိ အောင်ချက်အကောင်းဆုံးကျောင်းများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပို့ချခဲ့သော ဆရာ/များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့နံနက်(၉)နာရီ အချိန်တွင် ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် ကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4342
Page
4343
Page
4344
Page
4345
Current page
4346
Page
4347
Page
4348
Page
4349
Page
4350
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department