အမြို့မြို့အနယ်နယ်သတင်းများ

Aug 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ခုနှစ် (၂၅) ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၀ ရက်နေ့ နံနက် (၉) နာရီက ဟင်္သာတမြို့ရှိ မြို့တော်ခန်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီ အချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
Aug 20,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ ၈၅၀၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Aug 20,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ရှိ တည်ဆောက်ရေး(၂)အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ပဲခူးတိုင်း(အနောက်)ရှိ မြို့နယ် (၁၄)မြို့နယ်အတွက် မျိုးစေ့ချကိရိယာ (Drum Seeders)များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
Aug 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဝါခေါင်လပြည့်၊ မေတ္တာအခါတော်နေ့၌ ဘဒ္ဒန္တသုဇာတ မဟာထေရ်၏ သက်တော်(၇၈)နှစ်ပြည့်၊ ဝိဇာတမင်္ဂလာ ပူဇော်ပွဲကို ယမန်နေ့ သာသနာတော်နှစ် ၂၅၆၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ မြို့သစ်(၆)လမ်း၊ တောင်ညို ဂန္ဓာရုံကျောင်းတိုက် ဓမ္မရက္ခိတ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
Aug 20,2024
မွန်ပြည်နယ် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
Aug 20,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံသီးနှံများကို  အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဒေသခံပြည်သူများမှာ ဆောင်းတွင်းဖြစ်သည့် ဖေဖော်ဝါရီလချိန် ကွမ်းသီးများကို စတင်ပျိုးထားပြီး ၆လခန့်အကြာတွင်  ကွမ်းပင်ငယ်များဖြစ်လာကာ တစ်နှစ်ကွမ်းသီးပျိုးပင်များကို မိုးရေများသော ဩဂုတ်လအချိန်တွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း  သိရသည်။