Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာတွင် မိုးစပါး (YSR) စံကွက်ရိတ်သိမ်းပွဲအခမ်းအနား ကျင်းပ
Dec 14,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ ဦးစီးကျင်းပသော မိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်က သီးကုန်းကျေးရွာ ဦးပိုင်အမှတ် ၁၉၀/၁၊ ကွင်းအမှတ် ၈၈၂ ရှိ တောင်သူ ဦးဖိုးထောင်၏ မိုးစပါး (YSR) စိုက်ဧက ၁.၅၈ ဧကတွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော် မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ပုညရှင်သာသ နာ့ဗိမာန်တော်ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော် ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် သတင်းတု/ သတင်းမှားခွဲခြားသိရှိနိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သတင်းတု/ သတင်းမှားများခွဲခြားသိရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၊ သုခဒါယီသီလရှင်ပရိယတ္တိစာသင်တိုက်တွင် တည်ထားလျက်ရှိသော ဒီပါအေးမြစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင…
Dec 14,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သုခဒါယီသီလရှင်ပရိယတ္တိစာသင်တိုက်တွင် တည်ထားလျက်ရှိသော ဒီပါအေးမြစေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲမင်္ဂလာတော်တို့ကို ၁၃၈၆ခုနှစ်၊ နတ်တော်လဆန်း(၁၃)ရက်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက် (၈) နာရီအချိန်က အဆိုပါသုခဒါယီသီလရှင်ပရိယတ္တိစာသင်တိုက်အတွင်းရှိ ဒီပါအေးမြစေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
Dec 14,2024
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းစက်မှုဇုန်ရှိ မဟာနီလာကုမ္ပဏီ နီဖန်း EV ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ် ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ နှစ်ဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် တပ်ဆင်နေမှုများ၊ တပ်ဆင်ပြီးစီးမှု ဆိုင်ကယ်များနှင့် ဆိုင်ကယ်ဘရိတ်ရှူးထုတ်လုပ်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၄) အစည်းအဝေး တက်ရောက်၊ ဥတ္တရသီရီမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်…
Dec 14,2024
နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၄) အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ (ပဉ္စမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Dec 14,2024
ဧရာဝတီတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ (ပဉ္စမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်၌ စပါး၊ ပဲမျိုးစုံ၊ ဝါ၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) အထွက်နှုန်း တိုးတက်ရေးအတွက် တောင်သူပညာပေး နှီးနှောဖလှယ်ပွဲ ကျင်းပ
Dec 14,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် စပါး၊ ပဲမျိုးစုံ၊ ဝါ၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) အထွက်နှုန်း တိုးတက်ရေးအတွက် တောင်သူပညာပေး နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4259
Page
4260
Page
4261
Page
4262
Current page
4263
Page
4264
Page
4265
Page
4266
Page
4267
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department