အမြို့မြို့အနယ်နယ်သတင်းများ

Dec 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ-လွိုင်မွေလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Dec 14,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှု အရသရက်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပျားလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးတင့်နှင့်အဖွဲ့ဝင်များ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲ (၁) နာရီက ရေပေါ်ကျွန်းကျေးရွာရှိ နေကြာစိုက်ခင်းများတွင် စုဝေးတည်ရှိမှု၊ ပန်းဖူးပွင့်မှု အခြေအနေအရ ပျားအုံများချထားပေးရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Dec 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကွန်ဟိန်းမြို့၌ (၂၂) ကြိမ်မြောက် မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၇) နာရီခန့်က စေတီတော်မုခ်ဦးရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Dec 14,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများတိုးပွားလာစေရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို မင်းဘူးမြို့ရှိ မင်းပူးဦးဩဘာသခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
Dec 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှစ်စဉ်ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို စနေနေ့တိုင်း ပြုလုပ်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ယနေ့ နံနက် (၅) နာရီက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစား လှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။
Dec 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၀၅း၃၀)နာရီအချိန်က စုရပ်ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှစတင်၍ ပြည်သူ့အားကစားကွင်းသို့ တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
Dec 14,2024
မကွေးတိုင်းဒေသကြီး၊  မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာန၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးသင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။