Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကရင်ပြည်နယ် ဥပဒေချုပ်ရုံး၌ ရုံးဝန်ထမ်းများ လုပ်ငန်းခွင် မွမ်းမံသင်တန်းဖွင့်
Mar 07,2020
ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်၊ လမ်းညွှန်ချက်များနှင့် စီမံခန့်ခွဲမှုစနစ်များအပေါ် ပိုမိုနားလည်သိရှိနိုင်ရန်နှင့် ရှောင်ရန်၊ဆောင်ရန်များကို လေ့လာ မှတ်သား လိုက်နာနိုင်စေရန်အတွက် ယနေ့ နံနက် ၈ နာရီက ပြည်နယ် ဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ရုံးဝန်ထမ်းများလုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၀)ဖွင့်ပွဲကို ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်(စ်)အကြောင်း အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာအုပ်စာစောင် ပြပွဲကျင်းပ
Mar 07,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများအား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မြန်ရောဂါ အကြောင်း သိရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်၍ စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်နှင့် အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယနေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆောင်းသီးနှံနှင့်နွေ စပါးစိုက်ပျိုးရေးနည်းလမ်းကောင်းများပညာပေးဟောပြော
Mar 07,2020
မော်လမြိုင်ခရိုင် ကျိုက်မရာမြို့နယ်တွင် ဆောင်းသီးနှံ နှင့်နွေစပါးစိုက်ပျိုးကြမည့်တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်ကျင်းပသော တောင်သူနည်းပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီက ခရုံကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။ ဟောပြောပွဲတွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလှတင်မောင်က ဆောင်းသီးနှံနှင့် နွေစပါးများစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးစေရန်နှင့် အသီးများ အောင်မြင်ဖြစ်ထွန်းစေရန် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရန်နှင့် မြေသြဇာများကိုလည်း အချိုးကျ သုံးစွဲရန် လိုအပ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းညွန့်နှင့်အဖွဲ့ ကျေးရွာနေပြည်သူများဖြင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆ…
Mar 07,2020
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်နှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရွှေကူမြို့နယ် မဏိဩ ဂကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများဖြင့် တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှနမ့်လန်ကျေးရွာရှိလူသုံးကုန်ပစ္စည်းများနှင့်ဆက်သွယ်ရေးပစ္စည်းအရောင်းဆိုင်များသို့စျေးကွက်စောင့်ကြည့်လေ့လာခြင်းလုပ်င…
Mar 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ သီပေါမြို့နယ် နမ့်လန် ကျေးရွာ စည်ပင်သာယာစျေးနှင့်ရပ်ကွက်များအတွင်းရှိ လူသုံးကုန်ပစ္စည်းဖြစ်သော ဆက်သွယ်ရေးပစ္စည်းအရောင်းဆိုင်၊ အိမ်သုံးပစ္စည်းအရောင်းဆိုင်၊ စတိုးဆိုင်နှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့အသိပညာပေးဆွေးနွေးခြင်းနှင့် စျေးကွက်စောင့်ကြည့်စုံစမ်းလေ့လာခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀နာရီ အချိန်ကဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး မိုင်းဆတ်မြို့ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
Mar 07,2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မယ်နင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသား၊ကျောင်းသူများ မီးဘေးလုံခြုံရေးနှင့်လျှပ်စစ်မီးရရှိရေးကွင်းဆင်းစစ်ဆေး
Mar 07,2020
မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌ ယခုလ ၁၁ ရက်နေ့ တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ် မီးဘေးအန္တရာယ်လုံခြုံစေရန်နှင့် လျှပ်စစ်မီးရရှိရေးအတွက်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းအချိန်က တက္ကသိုလ်ဝင်စာမေးပွဲကျင်းပပြုလုပ်မည့်စာစစ်ဌာနသို့ လိုက်လံကြည့်ရှု ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်-တာချီလိတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး
Mar 07,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်-တာချီလိတ်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက် နေမှုအား ခရိုင်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုး အောင်၊ ခရိုင်အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်လမ်းဦးစီးမှူး ဦးမျိုးဇာနည်ဦးနှင့် အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ(၁)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30608
Page
30609
Page
30610
Page
30611
Current page
30612
Page
30613
Page
30614
Page
30615
Page
30616
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department