အမြို့မြို့အနယ်နယ်သတင်းများ

Aug 07,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့ ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။
Aug 07,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်ရေးအတွက် 33/11KV-5MVA ခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ဧပြီလ နောက်ဆုံးအပတ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် (၆၄ဒသမ၆၇) ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။
Aug 07,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ (၂၅) ရက်နေ့မှ သြဂုတ်လ (၁၄) ရက်ထိ ကပ်ထားကြေညာပေးလျက်ရှိရာ အဆိုပါမဲစာရင်းများ၌ အချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများက လာရောက်ကြည့်ရှု၍ ပြင်ဆင်ရန်ရှိသည့်အချက်အလက်များကို ပြင်ဆင် လျောက်ထားလျက်ရှိကြောင်း သိရသည်။
Aug 07,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၌ ကိုဗစ် ၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
Aug 07,2020
ကိုဗစ်-၁၉ ကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူများအတွက် CERP စီမံချက်ဖြင့် ထောက်ပံ့ပေးအပ်ခဲ့သော စပါးမျိုးများ မျိုးစေ့ချပျိုးထောင်စိုက်ပျိုးခြင်းလုပ်ငန်းများကို နွားထိုးကြီးမြို့နယ်အတွင်းရှိ ခက်လန်းကျေးရွာနှင့် ကန်နားကျေးရွာရှိ တောင်သူများက အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။