Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကွန်ဟိန်းမြို့၌ တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပ…
Mar 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ယနေ့ နံနက်(၇)နာရီအချိန်က ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်ရှိလာသည့် မော်တော်ယာဉ်များတွင် မြို့နယ်အတွင်း နေထိုင်သူများပါရှိခြင်းရှိ/မရှိနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရောဂါကူးစက်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများအပြင် လူစုလူဝေးရှိသည့်နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရန်နှင့် သတ်မှတ်စောင့်ကြည့်ကာလ (၁၄)ရက်ကို အသွားအလာကန့်သတ်ပြီး အိမ်၌သီးခြားနေထိုင်ရန် ပညာပေးခြင်းများအား ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန့်ဟီးရိုးတွင် လူမှုရေးပင်စင်ထောက်ပံ့ကြေးများ အိမ်တိုင်ရာရောက်ပေးအပ်
Mar 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၅)ဦးအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ(၃)လအတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးများကို အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့ လမ်းဆုံတွင် လက်ဆေးခြင်းများလက်တွေ့သရုပ်ပြဆောင်ရွက်
Mar 27,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအကြား ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သံတောင်ကြီးမြို့ အမှတ်(၄)ရပ်ကွက် လမ်းဆုံတွင် လက်ဆေးခြင်းလက်တွေ့သရုပ်ပြပွဲကို ယမန်နံနက်ပိုင်း မှ စတင်ပြီး နေ့စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်
Mar 27,2020
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မပျံ့နှံစေရေး အတွက် ကြိုတင် ကာကွယ်မှုများဆောင်ရွက်သည့်အနေဖြင့် သံတောင်အဝင်နှင့် သံတောင်ကြီးမြို့အဝင် အထွက်ဖြတ်သန်းသွား လာလျက်ရှိသည့် ခရီးသည် ၊ ယာဉ် ၊ဆိုင်ကယ်များအား ကျန်းမာရေး စစ်ဆေးမှုများကို နေ့စဉ် ပြုလုပ်ပေးဆောင်ရွက်လျက်ပေးရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ (COVID-19)ကြောင့် ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ အစည်းအဝေးကျင်းပ
Mar 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြိ့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် (COVID-19)ကြောင့် ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် ကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းပေးအပ်
Mar 27,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့ ညနေ ၃ နာရီက နမ့်ယွန်းကျေးရွာအုပ်စု၊ မက်မွန်ကျယ်(အောက်) ကျေးရွာတွင် တောမီးမှတဆင့် လူနေအိမ် (၁၈) လုံး မီးလောင်မှုဖြစ်ပွားခဲ့သော အိမ်ထောင်စု (၁၈) စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်၌ အချိန်အခါမဲ့မိုးရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုကြောင့် အမိုးများပျက်စီးခဲ့သည့် ကျေးရွာနေအိမ်များအား ကြည့်ရှုစစ်ဆေး
Mar 27,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မတ်လ ၂၄ ရက်နေ့ ညနေ(၃)နာရီကျော်ခန့်က အချိန်အခါမဲ့ မိုးရွာသွန်းစဉ်အတွင်း မိုးသီးကြွေကျမှုဖြစ်စဉ်ကြောင့် နေအိမ်အမိုးများပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ဆိုင်းဂျာဘွမ်ကျေးရွာမှ နေအိမ်များအား မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များက ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့မစျေး၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် လက်ဆေးရန်နေရာ (၄)ခုထားရှိ
Mar 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေးအတွက် မြို့မစျေးကြီး၌ စျေးသူ၊ စျေးသားများနှင့် စျေးဝယ်သူများအား လက်ဆေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် လက်ဆေးဘေစင်များ ထားရှိခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27780
Page
27781
Page
27782
Page
27783
Current page
27784
Page
27785
Page
27786
Page
27787
Page
27788
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department