အမြို့မြို့အနယ်နယ်သတင်းများ

Aug 10,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ် ဦးစီးဌာန ဝက်ဘ်ဆိုက်များမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာ တိုက်ကြီးမြို့နယ်တွင် ယမန်နှစ်ကထက် အောင်ချက်ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Aug 10,2020
တောင်ငူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်း ကျေးရွာများသို့ သွားရောက်၍ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာချိန်၌ စာရင်းတိကျ မှန်ကန်မှုရှိစေရေးအတွက် ကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး​မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Aug 10,2020
၂၀၂၀ ပြည့်နှစ် ၊တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဩဂုတ် ၉ ရက် ၊ နံနက် ၁၂ နာရီ ၃၀ မိနစ်မှစ၍ အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်‌ခဲ့ပြီးနောက် ဩဂုတ် ၁၀ ရက်၊ နံနက် ၉ နာရီမှစတင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခုတွင် အောင်စာရင်းများကို ကပ်ထား‌ကြေညာပေးထားခဲ့ပါသည်။
Aug 10,2020
ပြင်ဦးလွင်ခရိုင်၊ လူငယ်ရေးရာကော်မတီ၏ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 10,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ " Reorientation Training For PHS2 Through Mobile Tablets " မြို့နယ်အဆင့် မွမ်းမံသင်တန်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်ပြည်သူ့ဆေးရုံသင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။