Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နမ့်ဆန်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှ…
Aug 11,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒအသီးသီး၌ ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းလွှာ စိစစ်ခြင်းအခမ်းအနားကို ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ယနေ့နံနက် (၁၀)နာရီက ဒေသဦးစီးအစည်း အဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့တွင် နေရပ်ပြန်ပြည်သူများ ထပ်မံရောက်ရှိ
Aug 11,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နေရပ်ပြန်ပြည်သူများပြန်လည်ဝင်ရောက်လျက်ရှိရာ ယမန်နေ့နံနက် (၁၁) နာရီချိန်တွင် ဘားအံမြို့ စောင့်ကြည့်ရေးစခန်းမှတစ်ဆင့် နေရပ်ပြန်ပြည်သူ (၃၀) ဦး ထပ်မံရောက်ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖရူဆိုမြို့နယ်တွင် အသက် ၆ လမှ ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး
Aug 11,2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များအား နှစ်စဉ်နှစ်တိုင်း ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဖရူဆိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ အသက် ၆ လ မှ အသက်ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ဆောင်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများအား ထပ်မံခုနှစ်ရက်တိုးမြှင့် ကပ်ထားကြေညာလျက်ရှိ
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံ အတိုင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုများ၌ ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရေး ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်နေ့အထိ ကပ်ထားကြေညာထားလျက်ရှိရာ သြဂုတ် ၈ ရက်မှ ၁၄ ရက်နေ့အထိ နောက်ထပ်ခုနှစ်ရက် ထပ်မံတိုးမြှင့်ကပ်ထားကြေညာထား ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ခရိုင်အတွင်း နိုင်ငံရေးပါတီများမှ လျှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား စိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Aug 11,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ် လောင်း များအား စိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း (UTMAA) က တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)သို့ ပရိုဂျက်တာ လှူဒါန်း
Aug 11,2020
တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း (UTMAA)က တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)သို့ ပရိုဂျက်တာတစ်ခုလှူဒါန်းခြင်းကို ယနေ့နံနက် ၁၀နာရီက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဒီးမော့ဆိုမြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း(၁/၂၀၂၀)ဖွင့်လှစ်
Aug 11,2020
တောင်သူများ လယ်ယာသုံးစက်ကိရိယာများ စနစ်တကျ ကိုင်တွယ်မောင်းနှင်တတ်စေရန်နှင့် ကြံခိုင်မှု ထိန်းသိမ်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန်က ဒီးမော့ဆိုမြို့နယ် အမှတ်(၈၆) စက်မှု လယ်ယာစခန်း(ခွဲ)တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်း(၁/၂၀၂၀)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ရေးမြို့နယ်တွင် စပါးခင်းများနှင့် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်
Aug 11,2020
ရေးမြို့နယ် အစင်ကျေးရွာအုပ်စု ဘုရားတောင်လမ်းဝ ဆိပ်ကလေးကျေးရွာတွင် သထုံ ငါးသားပေါက်စခန်းမှ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်း ငါးသန်သားပေါက် ကောင်ရေ (၆၀၀၀၀)တို့အား စပါးခင်းများနှင့် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26723
Page
26724
Page
26725
Page
26726
Current page
26727
Page
26728
Page
26729
Page
26730
Page
26731
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department