အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊  ကမမောင်းမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့်ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာ နှင့် စကောကရင်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Nov 23,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်  ကမမောင်းမြို့တွင်  (၁၀၁)နှစ်မြောက်  အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ်  "သတင်းစကား "လက်ကမ်းစာစောင်များကို   ယနေ့နံနက်ပိုင်းက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက   အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင်  (၁၀၁)  အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ်   ယမန်နေ့  ညနေ(၃)နာရီခွဲ အချိန်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယခုနှစ် ရာဘာဈေးကွက် ဈေးပိုမိုရရှိသဖြင့် အစေးခြစ်ရပ်နားထားသည့် ရာဘာခြံများပါအစေးခြစ်ကြကြောင်း ရာဘာ ခြံပိုင်ရှင်များထံက သိရသည်။
Nov 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အပတ်စဉ်ဌာနဆိုင်ရာ များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က လောင်းလုံး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
Nov 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ရွေးကျေးရွာ၌ အမျိုးသား လျှပ်စစ်မီး ရရှိရေးစီမံချက် (ဒုတိယ)အစဉ်အဖြစ် ဆောင်ရွက်သောကျေးရွာ လျှက်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနား အားယနေ့ မွန်း တည့်၁၂နာရီအချိန်က အဆိုပါကျေးရွာ၍ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာ ဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့သည်။
Nov 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာအနီးရှိ ဝကုန်းချောင်းအတွင်း၌ (၆) မဂ္ဂါဝပ် အသေးစား ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်း ဆောင်ရွက်ရန်အတွက် MYANMAR ACCESS INTERNATIONAL CO;LTD မှ Feasibility Study Report အစီရင်ခံစာနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အတွက် ကွင်းဆင်းစိစစ် ရေးနှင့်စာချုပ် (မူကြမ်း) များအား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လာရောက်ရှင်းလင်းတင်ပြ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 22,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌  အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူ ၂၅၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် (၉:၃၀) နာရီခန့်တွင် ဒေါ့ဖုန်းယန်မြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။