Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စစ်ကိုင်းမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် အမျိုးမျိုးထုတ်လုပ်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်လှစ်
Jun 21,2022
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ တန်းဖိုးမြှင့်စားသောက်ကုန် အမျိုးမျိုးထုတ်လုပ်မှု သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက စိန်ကုန်းတိုက်နယ်၊ လေးကျွန်းမြေရပ်ကွက်ရှိ အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိန္တလီမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Jun 21,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကို ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်က ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်တွင် မျိုးစေ့တိုက်ရိုက်ချကရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြသ
Jun 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနစ်၊ မိုးစပါးများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးနည်းလမ်းကောင်းများအနက် လုပ်သားလိုအပ်ချက်၊ ရေလိုအပ်ချက်နှင့် စိုက်ပျိုးချိန်နည်းပြီး လောင်စာဆီသုံးစွဲရန် မလိုအပ်သော မျိုးစေ့တိုက်ရိုက်ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းများကို တောင်သူများအကျိုးအတွက် ဆောင်ရွက်ပေးနေလျက်ရှိရာ ယမန်နေ့၊ မွန်းလွဲ (၁) နာရီအချိန်က ချင်းခင်ကျေးရွာအုပ်စု၊ ချင်းခင်ကျေးရွာ ကွင်းအမှတ်-၁၉၉(ခ)တောင်သူ ဦးမြင့်ဝင်း၏ မိုးစပါး- ဆောင်းပဲဒီစိမ်း- နွေစပါး (၃) သီးစား စိုက်ပျိုးသည့် စိုက်ခင်း (၅) ဧကတွင် တောင်သူများအား စိုက်ပျိုးနည်းစနစ်များ အသိပညာပေးပြီး လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးနယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 21,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွာငံမြို့နယ်ရုံးသည် အခြေခံပညာကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန်၊ ပြောဆိုမှုစွမ်းရည်တိုးတက်လာစေရန်နှင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ဦးစီးမှူးဒေါ်ပြည့်ဖြိုးသန့်နှင့် ဝန်ထမ်းများသည် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက ရွာငံမြို့နယ်၊ ဈေးတန်းရပ်ကွက်ရှိ၊ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 21,2022
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ကသာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေး
Jun 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၆) နာရီတွင်စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး (ဒုတိယ)အကြိမ်…
Jun 21,2022
(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားနှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး
အပြည့်အစုံ ဖတ်ရန်
မင်းကင်းမြို့တွင် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jun 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၊ အမှတ်(၁)ရပ်ကွက်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အသိပညာပေးလုပ်ငန်းကို ယမန်နေ့ နံနက် ၉နာရီခွဲက တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20249
Page
20250
Page
20251
Page
20252
Current page
20253
Page
20254
Page
20255
Page
20256
Page
20257
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department