Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျွန်းစုမြို့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအတွက် ဒေသခံပြည်သူများနှင့…
Oct 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ယနေ့နံနက်(၈)နာရီ(၄၅)မိနစ်အချိန်က ကျွန်းစုမြို့၊ မြို့နယ်ခန်းမ၌ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အတွင်းရှိ တောင်သူများအား ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၂၅၀၀၀) ကျော် ထုတ်ချေးပေးသွားမည်
Oct 13,2022
နိုင်ငံတော်အစိုးရနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူများ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာအရင်း အနှီးများ ရရှိစေရေးအတွက် နှစ်စဉ်ရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ မြစ်ကြီးနားခရိုင် ဘဏ်ခွဲ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မြစ်ကြီးနားမြို့နယ် ရှဒေါင်ကျေးရွာ၊ ပမ္မတီး ရပ်ကွက်နှင့် ဆင်ဘိုမြို့ အောင်ချမ်းသာရပ်ကွက်မှ တောင်သူများအား အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၄၀၀၀) ခန့် ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း မြစ်ကြီးနားခရိုင် ဘဏ်ခွဲ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ်တွင် ဒေသခံပြည်သူများ စားဝတ်နေရေး ပြေလည်စေရေး အခြေခံစားသောက်ကုန်များအား ဆက်လက်ရောင်းချပေး
Oct 13,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဒေသခံပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီကစတင်၍ အမှတ်(၅)ရပ်ကွက်၊ သီရိရတနာလမ်းတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့ သမိုင်းဝင် မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်အား စတုတ္ထအကြိမ် ရွှေသင်္ကန်းကပ်လှူ
Oct 13,2022
မိတ္ထီလာမြို့ မိတ္ထီလာကန်အရှေ့ထိပ်ရှိ မင်းဝံတောင်ကုန်းပေါ်တွင် ရှေးမင်းအဆက်ဆက်ပြု ပြင်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် မဟာဓမ္မရာဇိက ရွှေမြင်တင်စေတီတော်အား စတုတ္ထအကြိမ် ရွှေဆိုင်းသင်္ကန်းနှင့် ရွှေဆေးသင်္ကန်းများကပ်လှူခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစေတီတော် ဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်တွင် "မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ" အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့မနက် ၁၁ နာရီက ကျင်းပပြုလုပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ဒေသခံပြည်သူများဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး
Oct 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ကျေးရွာဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက ဥယျာဉ်ကြီးကျေးရွာအုပ်စု အတွင်းရှိ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း သာသနာ့ဓဇကျောင်းဆာင် ဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်ရှိ ဈေးများတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် Hand Speaker ဖြင့် အသိပေးနှိုးဆော်
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့်ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းရှိ ဈေးများနှင့်ပုဇွန်တောင်စျေးတို့တွင် ဈေးသည်နှင့်ဈေးဝယ်များအား Hand Speaker ဖြင့် Mask Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18357
Page
18358
Page
18359
Page
18360
Current page
18361
Page
18362
Page
18363
Page
18364
Page
18365
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department