အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2022
 ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် သံတောင်ကြီးဒေသထွက် ပေါ်ဦးပေါ်ဖျားကွမ်းသီးအစိုများ ဈေးကောင်းရရှိကြောင်း သိရသည်။
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အတူ ခရိုင်လမ်းဦးစီးမှူး၊ ခရိုင်ကျေးလက်လမ်းဦးစီးဌာနအငယ်တန်းအင်ဂျင်နီယာ၊ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌဦးဖြိုးသူမောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဌေးဇော်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ဒေသခံပြည်များအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက်ရည်ရွယ်ကာ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြသည့် လုပ်ငန်းရှင်များ ရင်းနှီးလုပ်ကိုင်ရာတွင်
Oct 14,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဘားမဲတောင်ရှေ့လမ်းတွင် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
Oct 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်၊ စာပေ အလွယ်တကူဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှုရှိစေရေး စာအုပ်များ  
Oct 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ဥယျာဉ်ခြံလုပ်ကိုင်သူတောင်သူများ မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းသီးပျိုးပင်များကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ပျိုးပင်ရောင်းချရာတွင် စျေးကောင်းများရရှိခဲ့သည်။